စတုတ္ထအကြိမ် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

1-11-2019-2 1

1-11-2019-2 2

 

1-11-2019-2 3

(၂၀၁၉ နိုဝင်ဘာ ၁)

 

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့် စတုတ္ထအကြိမ် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား (၁-၁၁-၂၀၁၉) ရက်နေ့ (၁၄၃၀)နာရီအချိန် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

 

အစည်းအဝေးသို့ ကယားပြည်ယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အကဲဖြတ်ဒိုင်အဖြစ် ​ဆောင်ရွက်မည့်သူများ၊ ဖိတ်ကြားထားသူများမှ တက်ရောက်ခဲ့ကြ ပါသည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့် အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသို့တက်ရောက်လာသည့် တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသူများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေကြောင်း၊ ယနေ့ အစည်းအဝေးတွင် ကော်မတီများအလိုက် အခက်အခဲများကို တင်ပြပေးနိုင်ရန် တက်ရောက် ခြင်းဖြစ်ကြောင်း၊ ယင်းအပေါ် ကူညီဖြည့်ဆည်းပေးနိုင်သည်များကို တင်ပြ ပေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

ထို့နောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ (စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး) ဦးမော်မော်က ရှင်းလင်းဆွေးနွေးတင်ပြရာတွင် ဆပ်ကော်မတီများအနေနှင့် မိမိတို့ကော်မတီ များအလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန် အချက်များကို အသီးသီးတင်ပြပေးစေလို ကြောင်းပြောကြားခဲ့ပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ ကော် မတီများ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များ၊ ယမန်နှစ်ကကြုံတွေ့ခဲ့ရသည့် အားနည်းချက်များ၊ အားသာချက်များ စသည်တို့အား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြပါသည်။

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် အကြံပြုဆွေးနွေးခဲ့ပြီး လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက် ပေးရန်အချက်များနှင့်စပ်လျဉ်း၍ ပံ့ပိုးဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဆပ်ကော်မတီ အသီးသီး အလိုက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်ရန်နှင့် မီးပုံးပျံပွဲတော် ဘေးအန္တရာယ် ကင်းရှင်းပြီး အောင်မြင်စွာဖြစ်မြောက်ရေး ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးလမ်းညွှန် ပြောကြားခဲ့ပြီး (၁၅၃၀)နာရီအချိန်တွင် အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။