အကြိမ် (၃၀)မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း

1-11-2019-1 1

1-11-2019-1 2

1-11-2019-1 3

(၂၀၁၉ နိုဝင်ဘာ ၁)

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ဌာနပေါင်းစုံ ဝန်ထမ်းမိသား စုများနှင့် မြို့မိမြို့ဖ စေတနာ ရှင်ပြည်သူများ၏ အကြိမ်(၃၀)မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို (၁.၁၁.၂၀၁၉) ရက်နေ့ (၀၉၃၀) နာရီအချိန် လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားသို့ လွိုင်ကော်မြို့ပေါ်မှ ဆရာတော်ကြီးများ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာတိုင်းရင်း သား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူး၊ လွိုင်ကော်မြို့ပေါ်မှ မြို့မိမြို့ဖများနှင့် စေတနာရှင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ပြည်နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ ကယားပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာတော်ဘုရားထံမှငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။၊

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခြင်း၊ များ ဆောင်ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မဟာဘုံကထိန် ကထိန်လျာသင်္ကန်းနှင့် ကထိန်အရန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊ များဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ၊ ကယား ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်း အုပ်ဆရာတော် ဘဒ္ဒန္တပညာစက္က(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ဆရာတော်ဘုရားထံမှ အနုမောဒနာတရားနှင့် ရေစက် ချတရားတော်များနာယူခဲ့ပြီးနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ( )နာရီအချိန်တွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင် သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အကြိမ် (၃၀)မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ ဘုန်းတော်ကြီးကျောင်း(၁၁၀) ကျောင်းအတွက် ပဒေသာပင်များ လှူဒါန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ များနှင့် ပုဂ္ဂလိကများမှ လှူဒါန်းသည့် ပဒေသာပင်များနှင့် အခြားလှူဒါန်း ပစ္စည်းများ၏ တန်ဖိုးငွေကျပ် စုစုပေါင်း(၃၉၄၉၃၅၆၀)ကျပ်ဖြစ်ပါသည်။