တတိယအကြိမ်မြောက်ကယားပြည်နယ်လုံးဆိုင်ရာဓမ္မစကြာဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

10-10-2019-1 1

10-10-2019-1 2

10-10-2019-1 3

(၂၀၁၉ အောက်တိုဘာ ၁၀)

တတိယအကြိမ်မြောက်ကယားပြည်နယ်လုံးဆိုင်ရာဓမ္မစကြာရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း နှင့် ရေစက်ချ မင်္ဂလာ အခမ်းအနားကို ယနေ့ညနေ ၃ နာရီခွဲက လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ဆရာတော်အရှင်သူမြတ်များနှင့် ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီးနောက် ပြည်နယ်သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ) ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ပဓာန နာယကဆရာတော်ဘဒ္ဒန္တ ပညာစက္ကဆရာတော်အရှင်သူမြတ်ထံမှ ငါးပါး သီလ ခံယူဆောက်တည် ကြသည်။

ဆက်လက်ပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ချီးမြှင့်တော်မူပြီး ဒိုင်ချုပ်ဆရာတော် လွိုင်ကော်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ရတနာသီရိ တောင်ပေါ်ကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိတမှ ဓမ္မစကြာဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲ အကဲဖြတ် အမှတ်ပေးခဲ့မှုများနှင့် ပတ်သက်၍ အဆင့်ဆင့်သတ်မှတ်ချက်အလိုက် အကောင်းဆုံး ရွတ်ဆိုပူဇော် နိုင်ခဲ့သည့် ဝတ်အသင်းစာရင်းကို ဖွင့်ဖောက်ကြေငြာ၍ ပထမဆုရရှိသည့် အထက(၁)ကျောင်း ဝတ်အသင်း၊ ဒုတိယဆုရရှိသည့် လောဓမ္မရပ်ကွက် ဝတ်အသင်းနှင့် တတိယဆုရရှိသည့် ဒီးမော့ဆိုမြို့နယ် ဝတ်အသင်းအား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံက ဆုများပေးအပ်ကာ နှစ်သိမ့်ဆု ရရှိသည့် ဝတ်အသင်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုနောက် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာစက္က ဆရာတော် အရှင်သူမြတ်မှ အနုမောဒနာ တရားတော်နှင့် ရေစက်ချတရား ချီးမြှင့်တော်မူပြီးနောက် ဆရာတော် အရှင်သူမြတ်များနှင့် ပရိသတ်အပေါင်းတို့က ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။