ဒေသခံလူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံကွန်ပျူတာ သင်တန်း (၂/၂၀၁၉) ဖွင့်လှစ်

10-10-2019 1

10-10-2019 2

10-10-2019 3

(၂၀၁၉ အောက်တိုဘာ ၁၀)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသရှိ လူငယ်လူရွယ်များအနေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အထောက်အကူပြု နိုင်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက စံပြ(၆)မိုင်ကျေးရွာအုပ်စု ဒေါဘိုးစီကျေးရွာ ခန်းမဆောင်၌ ကျင်းပရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ က အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသောင်းမြင့် က ဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆော်ရယ် က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

သင်တန်းတွင် ကျေးရွာအုပ်စုအတွင်းရှိ လူငယ်လူရွယ်များအား အခြေခံ စာစီစာရိုက်၊ Microsoft Word ၊ Adobe စသော အခြေခံကွန်ပျူတာနှင့် ပတ်သက်သော အကြောင်းအရာများကို နိုဝင်ဘာ ၁၆ ရက်ထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။