ကယားပြည်နယ်အစိုးရမှ ထောက်ပံ့သည့် solar မီးများ ထပ်ဆင့်ခွဲဝေပေးအပ်

9-10-2019 1

9-10-2019 2

9-10-2019 3

(၂၀၁၉ အောက်တိုဘာ ၉)

ကယားပြည်နယ် ၊ ဘောလခဲခရိုင် ၊ ဖားဆောင်းမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် အခြေခံပညာကျောင်းများသို့ ကယားပြည်နယ် အစိုးရမှ ထောက်ပံ့သည့် solar မီးများ ထပ်ဆင့်ခွဲဝေပေးအပ် ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

Solar မီးများ ထပ်ဆင့်ခွဲဝေပေးရာတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးနိုင်ဦးက အမက (မိုဆာခီး) ကျောင်း ၊ အမက (ဗဟန်းလော့) ကျောင်း ၊ အမက (ကဗွေဖိုး) ကျောင်း ၊ အမက (လိုလော်ထီး) ကျောင်း ၊ အမက (ဗဟီထာ) ကျောင်း ၊ အမက (ဘူလော်ဘာ) ကျောင်းတို့မှ တာဝန်ခံ ကျောင်းအုပ်ဆရာ ၊ ဆရာမများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။