မြန်မာတစ်နိုင်ငံလုံးတွင် သမိုင်းဘာသာရပ်၌ အမှတ်အများဆုံးရရှိသည့် ကယားပြည်နယ်၊ ရွာသစ်မြို့မှ ကျောင်းသားနှင့် သင်ကြားပို့ချသည့် ဆရာတို့အား ဂုဏ်ပြု

8-10-2019 1

8-10-2019 2

8-10-2019 3

( ၂၀၁၉ အောက်တိုဘာ ၈ )

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ၌ သမိုင်းဘာသာရပ်တွင် ရမှတ် (၉၇) ဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် အမှတ်အများရရှိခဲ့သော ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ အထက (ရွာသစ်) မှ ကျောင်းသား မောင်လီးရယ်နှင့် သင်ကြားပို့ချသည့် ကျောင်းဆရာ ဦးယိုနသာ ဖရေရယ်အား ဂုဏ်ပြုခြင်းအစီအစဉ်အား (၈.၁၀.၂၀၁၉) ရက်နေ့ (၀၈၀၀) နာရီအချိန်တွင် ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဂုဏ်ပြုအား​ပေးအမှာစကား ​ပြောကြားခြင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှ မြန်မာတစ်နိုင်ငံလုံးတွင် သမိုင်းဘာသာရပ်အမှတ်အများဆုံး ရရှိခဲ့သည့် မောင်လီးရယ်အားလည်းကောင်း၊ ထိုသို့ ထူးချွန် အောင် သင်ကြားပို့ချနိုင်ခဲ့သည့် ကျောင်းဆရာ ဦးယိုနသာ ဖရေရယ်တို့အား လည်းကောင်း ဂုဏ်ပြု ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင် သမိုင်းဘာသာရပ် အမှတ်အများဆုံးရရှိခဲ့သည့် မောင်လီးရယ်မှာ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပထဝီ၊ သမိုင်း၊ ဘောဂစသည့် ဘာသာရပ်များတွင် ဂုဏ်ထူးရရှိခဲ့ပြီး ရမှတ်စုစုပေါင်း (၄၀၅) မှတ်ဖြစ်ကြောင်းနှင့် နေထိုင်ရာ ဇာတိမှာ ဒီးမော့ဆိုမြို့နယ်၊ ဒေါတငူးအရှေ့ ကျေးရွာဖြစ်ကြောင်း သိရှိရပါသည်။

ထူးချွန်အောင် သင်ကြားပို့ချနိုင်ခဲ့သည့် ဆရာ ဦးယိုနသာ ဖရေရယ်မှာ သေးဆူလဲကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း) ၂၀၁၇ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရပါသည်။