ကယားပြည်နယ်အတွင်း နေရာဒေသမရွေး ပြည်သူများ တရားဥပဒေစိုးမိုးရေးအတွက် အလွယ်တကူ အကူအညီတောင်းခံနိုင်ရန် 199 Call Center ဆောင်ရွက်နိုင်ရေး ထောက်ပံ့ငွေပေးအပ်

7-10-2019-1 1

7-10-2019-1 2

(၂၀၁၉ အောက်တိုဘာ ၇)

ကယားပြည်နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှုကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ကို ကောင်းမွန်သော သတင်းပေးကွန်ယက်တစ်ခု တည်ဆောက်ပြီး ပြည်သူများအနေဖြင့် လွယ်ကူလျင်မြန်သောစနစ်ဖြင့် သတင်းအချက်အလက်များကို ပေးပို့တိုင်ကြားနိုင်ရန်နှင့် အကူအညီများတောင်းခံလာပါက အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ 199 Call Center အားဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါ 199 Call Center လုပ်ငန်းအား အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၇-၁၀- ၂၀၁၉)ရက်နေ့ (၁၃၄၅) နာရီအချိန်တွင် ၎င်း၏ရုံးခန်း၌ ရန်ပုံငွေကျပ် (၁၀.၂၄)သိန်းတိတိအား ထောက်ပံ့ပေးအပ်ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံ မန်နေဂျာတို့မှ လက်ခံဆောင်ရွက်ခဲ့ကြပါသည်။

ကယားပြည်နယ်အတွင်းရှိ ဆက်သွယ်ရေး Operator စနစ်များ အားလုံးအပြင် ကြိုးစနစ် တယ်လီဖုန်းဆက်သွယ်ရေး စနစ်များဖြင့် ပြည်နယ်အတွင်းရှိ နေရာဒေသမရွေး တရားဥပဒေစိုးမိုးရေးနှင့် ဆန့်ကျင်သော အပြုအမူ၊ လုပ် ဆောင်မှုများ၊ ပြည်သူတို့၏အသက်အိုးအိမ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့်ပတ် သက်၍ 199 Call Center သို့ခေါ်ဆိုဆောင်ရွက်ပါက ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း ဖွဲ့စည်းဆောင်ရွက်ထားသည့် 199 Call Center ရုံးအဖွဲ့နှင့် အလိုအလျောက် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်းနှင့် စတင်ဆက်သွယ်ဆောင်ရွက်နိုင်မည့် နေ့ရက်အား ထပ်မံအသိပေးဆောင် ရွက်သွားမည်ဖြစ်ပါသည်။