နိုင်ငံ၀န်ထမ်းဟောင်းများ(မြို့ပြ)အသင်းနှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးပြုလုပ်

5-10-2019 1

5-10-2019 2

5-10-2019 3

(၂၀၁၉ အောက်တိုဘာ ၅)

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နိုင်ငံဝန်ထမ်းဟောင်းများ(မြို့ပြ)အသင်းနှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး ၂ထပ် ဆွမ်းစားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ နိုင်ငံဝန်ထမ်းဟောင်းများ(မြို့ပြ)အသင်း သဘာပတိ ဉီးကျော်ငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဉပဒေချုပ် ဦးစိုင်းကျော်ဇံက ထပ်ဆင့်အမှာစကားပြောကြားသည်။

ထို့နောက် အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းအား အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကံကြီးက ဖတ်ကြားတင်သွင်းပြီးနောက် အသင်းငွေကြေးထည့်ဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ပြည်နယ်ဉပဒေချုပ်ဦးစိုင်းကျော်ဇံနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများကိုပေးအပ်ချီးမြှင့်ရာ အလှူရှင် များက လက်ခံခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသောအသင်းသားများမှ အသင်းအပေါ် အကြံပြုဆွေနွေးခဲ့ကြရာ ပြည်နယ်ဉပဒေချုပ် ဦးစိုင်းကျော်ဇံ နှင့် တာဝန်ရှိသူများက အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အလုပ်အမှုဆောင်အဖွဲ့သစ်အား ပြန်လည်ရွေးချယ်ခဲ့ကြရာ အလုပ်အမှုဆောင်အဖွဲ့၏အစီရင်ခံစာ နှင့် ဘဏ္ဍာရေးရှင်းတမ်းအသင်း အလုပ်အမှုဆောင်အဖွဲ့သစ်အား သဘာပတိ မှ အတည်ပြုကြောင်းကြေငြာပြီး နိဂုံးချုပ်အမှာကားပြောကြားခဲ့ကြောင်းသိရှိရသည်။