ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ပြုလုပ်

4-10-2019-1 1

4-10-2019-1 2

4-10-2019-1 3

(၂၀၁၉ အောက်တိုဘာ ၄)

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်မေမျိုးဇော်က ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၇/၂၀၁၉) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံမှုဖြင့် Hom Fa Home Co.,Ltd မှ ကလေးကစားကွင်းနှင့် ဆက်စပ် ဝန်ဆောင်မှုလုပ်ငန်းအား အတည်ပြုမိန့်ထုတ်ပေးနိုင်ရန်နှင့် ကားကြီးကွင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပြီး Business Coupound Project Plan တည်ဆောက်ခွင့်နှင့် ပတ်သက်၍ Kayah Golden Brother Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်ရင်းနှှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။