ရွှေတောင်ပရိယတ္တိစာသင်တိုက်အတွက် အလှူတော်ငွေများ လှူဒါန်းဆက်ကပ်

4-10-2019 1

4-10-2019 2

(၂၀၁၉ အောက်တိုဘာ ၄)

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း ဘာသာသနာများ ထွန်းကားပြန့်ပွား ရေးဆိုင်ရာ ကိစ္စရပ်များတွင် တတ်စွမ်းသမျှ လှူဒါန်းဆောင်ရွက်လျက်ရှိရာ ကယာ ြပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၄-၁၀-၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီအချိန် ပြည်နယ်ဥပဒေချုပ်၊ ရသုံးခန့်မှန်း​ခြေ ​ငွေစာရင်း ဦးစီးဌာန သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ ရွှေတောင်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်ခဲ့ပြီး ရွှေတောင်ဆရာတော် ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ရွှေတောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ၄၀၀ ဗို့လိုင်း (၈၆၄)ပေအား Insulated Wire ဖြင့် အစားထိုးလဲလှယ်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၃၂၂၃၀၀၀)တိတိအား ရွှေတောင်ဆရာတော်ဘုရားထံသို့ ဆက်ကပ်လှူဒါန်းဆောင်ရွက်ခဲ့ပါသည်။