အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

11-9-2019 1

11-9-2019 2

11-9-2019 3

(၂၀၁၉ စက်တင်ဘာ ၁၁)

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ MCCT ၏ အစီအစဉ်ဖြင့် အာဟာရ နှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးခြင်းလုပ်ငန်း ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးငယ်များအား နိုင်ငံတော်အစိုးရမှ ၂၀၁၈ခုနှစ် အောက်တိုဘာလမှစ၍ တစ်လလျင် ကျပ်၁၅၀ဝ၀နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း၊ ထောက်ပံ့ငွေများကိုလည်း မိခင်နှင့်ကလေးငယ်များ အာဟာရဖြစ်စေရေးအတွက် အကျိုးရှိရှိသုံးစွဲစေလိုကြောင်းနှင့် ယခုတစ်ပတ်ထောက်ပံ့ငွေများကိုလည်း ထောက်ပံ့ငွေ ရရှိသူများလက်ဝယ်သို့ အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာအောင်ဇော်ထွန်းက MCCT၏ ထောက်ပံ့သည့်ငွေကြေးများအား စနစ်တကျသုံးစွဲခြင်းဖြင့် အာဟာရနှင့်အမူအကျင့်များ ပြောင်းလဲစေရန်နှင့် ကိုယ်ဝန် ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးငယ်များ အစာအုပ်စုသုံးအုပ်စုနှင့် မိခင်များအနေဖြင့် နေထိုင်စားသောက်မှုပုံစံ များကို ပြည်သူလူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန် ့ပြန် ့သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်း လင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် လွိုင်ကော်မြို့ အာဟာရဌာနမှဒေါက်တာမေသက်နုနိုး၊ နမ့်မန်းကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူးဒေါ်အေးအေးသင်း၊ နမ့်ဟူးကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမဒေါ်သီမြာ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်လွန်းမီမီအောင်တို့က နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၏ အာဟာရများ၊ မွေးစမှ၆လအောက် မိခင်နို့တိုက်ကျွေးခြင်း၊ ၆လမှ၂၄လအထိ မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်စာကျွေးခြင်းတို့ကို နှစ်ရက်ကြာ အသေးစိတ်ရှင်းလင်းပို့ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ အောင်ဇော်ထွန်း၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ Volunteerများ တက်ရောက်ခဲ့ကြသည်။