မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြို အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲ ဒီးမော့ဆိုတွင် ကျင်းပ

10-9-2019 3

10-9-2019 2

10-9-2019 1

၂၀၁၉ စက်တင်ဘာ ၁၀

၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ကျရောက်မည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကယားပြည်နယ် ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်း က မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆိုင်ရာနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အကြောင်းအရာများကို ဟောပြောဆွေးနွေးကာ မြို့နယ်ဥပဒေအရာရှိ ဦးတင်ထွန်းနိုင် က လူကုန်ကူးမှုနှင့် ပတ်သက်၍ သိကောင်းစရာ ဥပဒေအကြောင်းအရာများကို ဟောပြော ဆွေးနွေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသော မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းထက်ဆင့် ပန်းချီပြိုင်ပွဲနှင့် မူလတန်းအောက်ဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြင့်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။