လွိုင်ကော်မြို့နယ် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းနိုင် ရေးနှင့် လူငယ်မူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

8-9-2019-1 1

8-9-2019-1 2

8-9-2019-1 3

(၂၀၁၉ စက်တင်ဘာ ၈)

လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်ပြီး နောင်တစ်ချိန် တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့် လူငယ်/မောင်မယ်များဖြစ်ရာ လူငယ်များအနေနှင့် နိုင်ငံ သားကောင်း၊ နိုင်ငံ့သားကောင်းများ အဖြစ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးပြု ကဏ္ဍများတွင် ပါဝင် လာစေရေးအတွက် ရည်ရွယ်၍ ကယားပြည်နယ် လူငယ် ရေးရာကော်မတီမှ ကျင်းပသော လွိုင်ကော်မြို့နယ် လူငယ်ရေးရာကော်မတီဖွဲ့စည်းနိုင်ရေးနှင့် လူငယ်မူဝါဒ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားအား (၈-၉-၂၀၁၉) ရက်နေ့ (၁၀ဝ၀)နာရီအချိန် လွိုင်ကော်မြို့၊ မြို့နယ် ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်:ရှိုနှင့် ဇနီး၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ် အတွင်းရှိလူငယ်ရေးရာကော်မတီဝင်များ နှင့် ဖိတ်ကြားထားသူများ စုံလင်စွာတက်ရောက်ခဲ့ကြ ပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကားပြောကြား ရာတွင် ယနေ့အခမ်းအနားသို့ကြွရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြာထားသည့် လူငယ်မောင် မယ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း၊ လူငယ်ဆို သည်မှာ နိုင်ငံ၏ သားကောင်း၊ သမီးကောင်း ရတနာများပင်ဖြစ်ပါကြောင်း၊ ယင်းသို့ တင်စား ခြင်း သည် လူငယ်များကို တန်ဖိုးထားအသိအမှတ်ပြုခြင်း ကြောင့် ဖြစ်ကြောင်း၊ လူငယ်များ အနေနှင့် တန်ဖိုးထား သည့် ဂုဏ်နှင့်ညီညွတ်သည့် ကြံစည်တွေးတောခြင်းဖြင့် နိုင်ငံ့အတွက် အဖိုးတန် သည့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်း ယူနိုင်သည့် လူငယ်များဖြစ်အောင် ကြိုးပမ်းရန် လိုကြောင်း၊ ဆောင်ရွက်နိုင်မည်ဟုလည်း ယုံကြည်ပါ ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း လူငယ်များကို နေရာပေး အသိအမှတ်ပြုရန် အစဉ်ပြော ကြားလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် လူငယ်ကော်မတီများ ဖွဲ့စည်း၍ လူငယ်ရေးရာ မူဝါဒများကို ဖော်ဆောင်နိုင်ရေးအတွက် လမ်းညွှန်ထား ရှိပြီး ပံ့ပိုးကူညီပေးရန် ညွှန်ကြားပြီးဖြစ်ကြောင်း၊ ညွှန်ကြားချက်များအပေါ် အကောင်အထည်ဖော်နိုင်ရန် အတွက် စတင် ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ ယနေ့ အခမ်းအနားတွင် အကောင်းဆုံး ဆွေးနွေး ဆောင်ရွက်နိုင် မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ပြည်နယ်အတွက် အကောင်းဆုံး၊ အသင့်လျော်ဆုံးဖြစ်သည့် မူဝါဒများဖြင့် ဆက်လက် သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ လူငယ်များ အနေနှင့် ပြည်နယ်အစိုးရ၏ အား၊ အသင်းအဖွဲ့များ နှင့်ချိတ်ဆက်၍ ယင်းတို့၏ အားများကို ယူတတ်ကြရန် လိုကြောင်း၊ ပြည်နယ်အစိုးရအနေနှင့် လိုအပ်သော ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးကိုယ်တိုင် ပြည်နယ် လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေ ကြောင်း၊ လူငယ်များအနေနှင့် လိုအပ်ချက်များ၊ အခက် အခဲများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လိုအပ်သည် များကို တင်ပြပေးစေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင် သာယာ ရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးမှ ပြည်နယ် လူငယ်ရေးရာကော်မတီ စတင်ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများ၊ ဖွဲ့စည်း ထားရှိမှုများနှင့် လူငယ်ရေးရာမူဝါဒများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသည့် လူငယ်မောင်မယ်များနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပံရိုက်ကူးကာ (၁၀၃၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် လူငယ်မူဝါဒ ဖြစ်ပေါ်လာပုံအား ရှင်းလင်း တင်ပြခြင်း၊ လူငယ်မူဝါဒ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ခြင်း၊ ပေါင်းစပ် ညှိနှိုင်းမှု ယန္တရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ လွိုင်ကော် မြို့နယ် လူငယ်ကော်မတီ ဖွဲ့စည်းခြင်း စသည့် အစီ အစဉ် များဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။