နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်

8-9-2019 1

8-9-2019 2

8-9-2019 3

(၂၀၁၉ စက်တင်ဘာ ၈)

၂၀၁၉ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၏ ဆောင်ပုဒ်မှာ “စာတတ်မြောက်ရေး ဖွံ့ဖြိုးဖို့ တိုင်းရင်းသား ဘာသာစာပေမြှင့်တင်စို့ “Literacy and Multi laug ualism” ဖြစ်ပြီး စာပေမြင့်မှ လူမျိုးတင့်မည် ဟူသော စကားနှင့်အညီ လူတိုင်းလူတိုင်း စာတတ်မြောက်ရန် အတွက် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် နိုင်ငံ တကာ စာတတ်မြောက်ရေးနေ့အခမ်းအနား (Inter national Literacy Day) အား (၈-၉-၂၀၁၉)ရက်နေ့ (ဝ၉၀ဝ)နာရီအချိန် လွိုင်ကော်မြို့၊ ပြည်နယ်ပညာရေးမှူး ရုံး ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့်ဇနီး ဒေါ်မြင့်မြင့်မော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေး ဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသား/သူများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦ:စွာ အခမ်းအနားအား အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက “လူတိုင်းအတွက်ပညာရေး တေးသီချင်းအား တီးမှုတ် သီဆို၍ ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာ စကားပြောကြား ရာတွင် ယနေ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်း အနားသို့ ကြွရောက် လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ကျောင်းသား/သူများအားလုံး မင်္ဂလာအပေါင်း နှင့်ပြည့်စုံပြီး ရွှင်လန်းချမ်းမြေ့ပါစေ ကြောင်း၊ ယနေ့သည် နိုင်ငံတကာ စာတတ် မြောက်ရေးနေ့ တစ်နေ့ ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ကျင်းပဆောင်ရွက်နေမည် ဖြစ်ပါ ကြောင်း၊ စာတတ် မြောက်ရေးနေ့ အခမ်းအနားများ ကျင်းပရခြင်းမှာ မိမိတို့အနေနှင့် ပညာရေး ကဏ္ဍတိုးတက်မြင့်မားရေး အတွက် ဆောင်ရွက်နေသည့် ရည်မှန်းချက် ရည်ရွယ်ချက် များကို ထုတ်နုတ်နိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးတစ် ယောက်အားနှင့်မရဘဲ အားလုံးမှ ဝိုင်းဝန်း၍ ဆောင်ရွက် ရမည်ဖြစ်ရာ ပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ တိုးတက်သည့် နိုင်ငံ များ၊ အသင့်အတင့် တိုးတက်သည့် နိုင်ငံများနှင့် မတိုးတက်သည့် နိုင်ငံများကို ကြည့်မည်ဆိုလျှင် ၎င်းတို့အနေနှင့် ပညာရေးကဏ္ဍကို အခြေတည်၍ အားထည့် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများ ဖြစ်ကြောင်း၊ မိမိတို့အနေနှင့် ပညာရေးစနစ်နိမ့်ပါးခဲ့သည့် ခေတ်စနစ်များကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြရ ကြောင်း၊ မိမိတို့နိုင်ငံကြီးအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အတွက် ယနေ့ အခမ်းအနား မှစ၍ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်နိုင်ကြရန်လိုကြောင်း၊ ချက်ချင်း ဆောင်ရွက်၍ မရသည့် အခြေအနေများဖြစ်ရာ အချိန်ယူ ၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အရပ်သား အစိုးရလက်ထက်တွင် ပညာရေးစနစ်ကို အခြေခံမှစတင် ၍ ပြောင်းလဲဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေပြီး ဖြတ်သန်းခဲ့ သည့် (၃)နှစ်ကျော်ကာတွင် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရပြီး စိတ်ပိုင်းဆိုင်ရာများမှ စ၍ ပြုပြင်ပြောင်းလဲမှုများ ပါဝင်နေသည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်တိုးတက် ရန်အတွက် ပညာရေးသည် အဓိက အခန်းကဏ္ဍများတွင် ပါဝင်နေပါကြောင်း၊ ယင်းသို့ ပုံဖော်ဆောင်ရွက်ရာတွင် အားမလို အားမရဖြစ်ရ ကြောင်း၊ ယင်းအတွက် လိုအပ်ချက်များ ရှိနေပြီး ယင်းလိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများ တွင် ပါဝင်စေလိုကြောင်း၊ မိဘဆရာအသင်းများ၏ ပံ့ပိုးမှုသည် များစွာ အရေးပါ ကြောင်း၊ ထိရောက်စွာ ပံ့ပိုးပူးပေါင်းကြစေလိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အနေနှင့် ထဲထဲဝင် ဝင် ပူးပေါင်းကြစေလိုကြောင်း၊ မိဘ ဆရာများ၏ အားဖြင့် ပညာရေးကဏ္ဍကို များစွာ တိုးတက် အောင်ဆောင်ရွက်နိုင်ကြောင်း၊ ယင်းသို့တင်ပြရ ခြင်းသည် မိမိအနေနှင့် တာဝန်ထမ်းဆောင်ခဲ့ရ သည့် အတွေ့အကြုံများကြောင့် ယခုလိုတင်ပြနေရခြင်းဖြစ် ပါကြောင်း၊ မိမိတို့အနေနှင့် မြန်မာစာ တစ်ခုတည်း တတ်မှစာတတ်သည်မဟုတ်ဘဲ အခြားတိုင်းရင်းသား စာပေများကို တတ်မြောက် ခြင်းသည်လည်း စာတတ် ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံတွင် ရုံးသုံးဘာသာ စကားမှာ မြန်မာစာ၊ မြန်မာစကားဖြစ်၍ ယင်းစာပေကို ထူးချွန်စွာ တတ်မြောက်အောင် ကြိုးပမ်း ရန် လိုပါ ကြောင်း၊ တိုင်းရင်းသားဘာသာ စာပေများ သင်ကြားခြင်းကို ခွင့်ပြုပေးထားပြီး သင်ကြားနိုင်ရေး အတွက်လည်း သင်ရိုးညွှန်းတမ်းများကို ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ယနေ့ အခမ်း အနား မှစ၍ တစ်ဦးတစ်ယောက်ကောင်းဖြင့် ဆောင်ရွက် ၍မရဘဲ ပူးပေါင်းဆောင်ရွက်မှု အစီအမံများဖြင့် မြို့နယ် များအလိုက် တက်ညီလက်ညီ ဆောင်ရွက်ကြရန်ဖြစ်ပြီး ပြည်နယ်အစိုးရအနေနှင့်လိုအပ်သည်များကို ပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက် ရေး အခမ်းအနားတွက် UNESCO ညွှန်ကြားရေးမှူးချုပ် မှ ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးစောအယ်ဒိုဝါးမှ ဖတ်ကြားဆောင်ရွက် ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခြေခံ ပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများမှ နိုင်ငံတကာ စာတတ်မြောက်ရေးအခမ်းအနားအား “မြန်မာ့ကျောင်း သီချင်းဖြင့် ဂုဏ်ပြုသီဆိုပိတ်သိမ်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ (ဝ၉၅၀) အချိန်တွင် အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။