ကယားပြည်နယ်မှ ကော်ဖီစိုက်ပျိုးသူများနှင့် အောင်နေ လင်းထွန်း ကုမ္ပဏီတို့(Contract Firming) စာချုပ် ချုပ်ဆိုခြင်းအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

7-9-2019 1

7-9-2019 2

7-9-2019 3

(၂၀၁၉ စက်တင်ဘာ ၇)

ကယားပြည်နယ်သည် တောင်ကုန်းတောင်တန်း ထူထပ် သော ဒေသတစ်ခုဖြစ်ပြီး ၎င်းတောင်တန်း ဒေသများ၌ ကော်ဖီစိုက်ပျိုးရန် အထူးသင့်လျော်သည့် ရာသီဥပတုနှင့် သဘာဝ အခြေခံကောင်းများရှိရာ ကော်ဖီစိုက်ပျိုးခြင်း ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အောင် နေလင်းထွန်းကုမ္ပဏီနှင့် ကယားပြည်နယ်အတွင်းရှိ ကော်ဖီ စိုက်ပျိုးသူများ သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားအား (၇-၉-၂၀၁၉)ရက်နေ့ (ဝ၉၀ဝ)နာရီ အချိန် လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှို၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်သူ့လျွတ်တော်စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက် ေ၇းကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကော်ဖီ စိုက်ပျိုးသူများ၊ဖိတ်ကြားထားသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့အခမ်းအနား သို့ ကြွရောက်လာသည့် တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများအားလုံး နှလုံး စိတ်ဝမ်းအေးချမ်းပြီး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း၊ နိုင်ငံတော် အကြီးအကဲများအားလုံးမှ လူမှုစီးပွားဘဝဖွံ့ဖြိးတိုးတက်ရေးအတွက် ရရှိသည့် အခွင့် အရေးများကို အသုံးချ၍ ဖွံ့ဖြိုးအောင် ဖော်ဆောင် ပေးနေကြောင်း၊ ယင်းအခြေအနေတွင် ပြည်သူများအနေ နှင့် မိမိတို့ရရှိထားသည့် အခွင့်အရေးများကို မြင့်မားသည့် စိတ်ဓာတ်၊ အမြင်များ ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ ယနေ့အခမ်းအနားတွင် လူမှု စီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကော်ဖီစိုက်ပျိုး ခြင်းကဏ္ဍတွင် မည်မျှ လုပ်ကိုင်နိုင်ကြမည်ကို သိနိုင်မည် ဖြစ်ကြောင်း၊ ကြိုးပမ်းဖော်ဆောင်ရာတွင် အခက်အခဲရှိ နေသည့် ကဏ္ဍများကို တင်ပြ တောင်းဆိုနိုင်ရမည် ဖြစ်ကြောင်း၊ ယင်းအပေါ်တွင် အစိုးရအနေနှင့် စီမံပေးနိုင်သည်များကို စီမံ ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ပြည်နယ်သည် စိုက်ပျိုး၊ မွေးမြူရေးအခြေခံသည့် ပြည်နယ် ဖြစ်သည် နှင့်အညီ ယင်းလုပ်ငန်းများဖြင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့ အစိုးရနှင့် လွှတ်တော်ကော်မတီများ ပူးပေါင်း၍ မည်သည့် ကိစ္စကိုမဆို အောင်မြင်စွာ ဖော်ဆောင်နိုင်မည် ဟု ယုံကြည်ပါကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းသည် ပြည်နယ်အတွက် လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို ဒေသများတွင် အထူးသင့်လျော်ပါကြောင်း၊ နည်း မှန်လမ်းမှန်စိုက်ပျိုးပါက အောင်မြင်မှု ရရှိနိုင်မည် ဖြစ် ကြောင်း၊ ကော်ဖီစတင်စိုက်ပျိုးသည်မှစ၍ ကော်ဖီ တစ်ခွက် ဖြစ်လာသည်အထိ ယနေ့ အခမ်းအနားတွင် ချပြရှင်းလင်းမည်ဟု သိရှိရကြောင်း၊ မိမိတို့၏ ကြိုးစား လို စိတ်ပေါ်တွင် များစွာမူတည်ပါကြောင်း၊ မိမိတို့၏ ပြည်နယ်၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြ စေလို ကြောင်း၊ အောင်နေလင်းထွန်းကုမ္ပဏီ အနေနှင့် အာဆီယံ စီးပွားထူးချွန်ဆုကို “မြန်မာနိုင်ငံအတွက် ရေရှည်လူမှုစီးပွားဖြစ်ထွန်းမှု ခေါင်းစဉ်ဖြင့် ရရှိခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းသို့ အရည်အသွေးပြည့်မီသည့် ကုမ္ပဏီမှ မိမိတို့ပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံ သည်မှာ ဂုဏ်ယူဖွယ်ကောင်းကြောင်း၊ အလားတူ အခြား သော ဆုတံဆိပ်များစွာကို ရရှိထားပြီး ထိပ်တန်းရောက် အောင်မြင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ၎င်းအနေ နှင့် မိမိတို့ပြည်နယ်အတွက် အကျိုးအမြတ်ဖြစ်ထွန်း အောင် ဆောင်ရွက်ပေးသွားမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ရာ တက်ရောက်လာသည့် တောင်သူများအနေနှင့် မိမိတို့၏ ရည်မှန်းချက်များပြည့်ဝရေးအတွက် အစိုးရနှင့် လွှတ်တော်တို့နှင့် ပူးပေါင်း၍ အကောင်းဆုံး ဟန်ချက် ညီညီ ဆောင်ရွက်နိုင်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

ယင်းနောက် အောင်နေလင်းထွန်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးမှ ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အမှတ်တရ လက် ဆောင်ပစ္စည်းနှင့် ကော်ဖီစိုက်ပျိုးခြင်း ဓာတ်ပုံကားချပ်တို့ အား ပေးအပ်ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အောင် နေလင်းထွန်းကုမ္ပဏီတည်ထောင်သူ ဦးငွေထွန်းမှ ကော်ဖီ စိုက်ပျိုး ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြော ကြားခြင်းနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း မှတ်တမ်း ဗီဒီယိုအား ပြသခြင်း၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းမှ ကျေးဇူးတင်စကားပြော ကြားခြင်း၊ အောင်နေလင်းထွန်းကုမ္ပဏီမှ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကော်ဖီစိုက်ပျိုးသူ ကယားဖူးလူမှုဝန်ထမ်းခြင်းနှင့် ဖွံ့ဖြိုး ရေးအသင်းမှ ဒေါ်နော်လေးမြာက ၎င်း၏ကော်ဖီ စိုက်ပျိုး မှု အတွေ့အကြုံများရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

ထို့နောက် အောင်နေလင်းထွန်းကုမ္ပဏီနှင့် ကော်ဖီ စိုက်ပျိုး သူများမှ သဘောတူ စာချုပ် လက်မှတ်ရေး ထိုးခြင်း၊ အောင်နေလင်းထွန်းကုမ္ပဏီမှ ကော်ဖီပျိုးပင် အား ကော်ဖီစိုက်ပျိုးသူများသို့ ပေးအပ်ခြင်းများ ဆောင် ရွက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူ များမှ ကော်ဖီပြခန်းအတွင်း ခင်းကျင်းပြသထားမှုများ အား လှည့်လည်ကြည့်ရှု၍ (၁၀၅၀)နာရီအချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အဖြစ် ကော်ဖီစိုက် ပျိုးနည်းစနစ်ကောင်းများအား ကော်ဖီပညာရှင်မှ ဟောပြောခြင်း၊ သြဂဲနစိုက်ပျိုးနည်းစနစ်များအကြောင်း သြဂဲနစ်စိုက်ပျိုးရေး ပညာရှင်မှ ဟောပြောခြင်း၊ ကော်ဖီ ဈေးကွက်များနှင့်စပ်လျဉ်း၍ အောင်နေလင်းထွန်းကုမ္ပဏီ ဈေးကွက်ဒါရိုက်တာမှ ပြောကြားခြင်း၊ တောင်သူများမှ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြား ခြင်းအပြင် ကံစမ်းမဲများ ဖွင့်ဖောက်ကြေညာပေးခြင်းနှင့် ကံစမ်းမဲလက်ဆောင် များ ပေးအပ်ခြင်း စသည့် အစီ အစဉ်များအတိုင်း ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။