သက်ပြည့်ပင်စင်ခံစားမည့် ပြည်နယ်ဥပဒေအရာရှိအား ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် ရာထူးတိုးမြှင့်ပြောင်းရွှေ့လာသည့် ပြည်နယ်ဥပဒေအရာရှိအား ကြိုဆိုခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

5-9-2019 2

5-9-2019 1

5-9-2019 3

(၂၀၁၉ စက်တင်ဘာ ၅)

ကယားပြည်နယ်ဥပဒေချုပ်ရုံးမှ သက်ပြည့်အငြိမ်းစား ပင်စင်ခံစားမည့် ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင် သန်းအား ဂုဏ်ပြုနှုတ်ဆက်ခြင်းနှင့် မန္တလေးတိုင်း ဒေသ ကြီး ဥပဒေချုပ်ရုံး၊ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိမှ ကယားပြည်နယ်ဥပဒေချုပ်ရုံးသို့ ပြည်နယ်ဥပဒေအရာရှိ အဖြစ် ရာထူးတိုးမြှင့်ပြောင်းရွှေ့လာသည့် ပြည်နယ် ဥပဒေအရာရှိ ဒေါ်သီတာလွင်အား ကြိုဆိုခြင်း အခမ်း အနား အား (၅-၉-၂၀၁၉) ရက်နေ့ (၁၀၃၀)နာရီအချိန် ကယားပြည်နယ်ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်နှင့် ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်း သား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည် နယ်စာရင်းစစ်ချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် ဇနီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲ များ၊ ပြည်နယ်အတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေ အရာရှိများမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်းနှင့် မန္တလေးတိုင်းဒေသကြီးမှ ကယားပြည်နယ်သို့ ပြည်နယ် ဥပဒေအရာရှိအဖြစ် ရာထူးတိုးမြှင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် ဒေါ်သီတာလွင်၏ အတ္ထုပတ္တိ အကျဉ်း အား ဖတ်ကြားတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြိးချုပ် ဦးအယ်လ်ဖောင်းရှိုက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယနေ့ ဂုဏ်ပြုနှုတ်ဆက်ခြင်းနှင့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခြင်းသည် မိမိတို့ပြည်နယ်အစိုးရအနေနှင့် ပြည်နယ်အကျိုးအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအတွက် ဂုဏ်ပြု လို၍ တက်ရောက်လာခြင်းဖြစ်ပါ ကြောင်း၊ ၎င်းအနေနှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များအပြင် အခြားသော လုပ်ငန်းတာဝန်များ ကိုပါကြိုးပမ်းဆောင်ရွက် ခဲ့သူဖြစ် ကြောင်း၊ ထို့အပြင် ထပ်မံ ရောက်ရှိလာသည့် ပြည်နယ် ဥပဒေအရာရှိအနေနှင့် ကြိုဆိုဂုဏ်ပြုခံရသည့် ဂုဏ်နှင့် ညီညွတ်သည့် လုပ်ငန်းစွမ်းဆောင်ရည်များဖြင့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ပေးစေလိုကြောင်း၊ ရှေ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဥပဒေ အရာရှိကြီးများနည်းတူ စွမ်းဆောင်နိုင်ရေးကြိုးပမ်းပေးစေလိုကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများအနေနှင့် သက်ပြည့်အငြိမ်းစား ပင်စင်ယူပြီး သည့်နောက်ပိုင်းတွင် စိတ်ပျက် အားလျော့သွားသူများ ရှိသလို မူလအတိုင်း အခြားသောလုပ်ငန်းများကို ကြိုးပမ်း၍ ဆောင်ရွက် နေသူများလည်းရှိပါကြောင်း၊ ပြည်နယ်ဥပဒေအရာရှီ ဒေါ်လွင်လွင်သန်းအနေနှင့် အငြိမ်း စားယူ သွားသော်လည်း ၎င်းအနေနှင့် အခြားသော တာဝန် ယူထားသည့် ကော်မတီအဖွဲ့ဝင်လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည်ကို သိရှိရကြောင်း၊ အခြားသော သူများအနေနှင့်လည်း ယင်း၏ ဆောင်ရွက် ချက်ကို အတုယူ၍ ဆောင်ရွက်ကြရန် လိုကြောင်း၊ သို့ဖြစ် ရာ ယနေ့နှုတ်ဆက်ဂုဏ်ပြုပွဲတွင် မိမိအားပေးအပ်သည့် တာဝန်များအပေါ် လုံ့လဝီရိယများရှေ့ထား၍ ပြည်နယ် အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ပြည်နယ် ဥပဒေအရာရှိအနေနှင့် မိမိဆက်လက် လုပ်ဆောင်မည့် လုပ်ငန်းများကို အကောင်းဆုံး ဆက်လက်ဆောင်ရွက် စေလို ကြောင်းဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြား ခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်းအနေဖြင့် ကယားပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ အတွင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများသာမက ပြည်နယ်အတွင်း ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွား ရေးအတွက် ဓမ္မဗျူဟာသင်တန်းများအား ဦးစီးဦးဆောင် ဆောင်ရွက်ခဲ့သဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ရာ ပြည်နယ်ဥပဒေအရာရှိ ဒေါ်လွင်လွင်သန်းမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။