မယ်ဟောင်ဆောင်ခရိုင်ဝန်နှင့် အဖွဲ့တို့အား ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံ

4-9-2019-2 1

4-9-2019-2 2

4-9-2019-2 3

(၂၀၁၉ စက်တင်ဘာ ၄)

နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ကယားပြည်နယ်၊ လွိုင်ကော် မြို့သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ၊ မယ်ဟောင် ဆောင်ခရိုင်ဝန်၊ မယ်ဟောင်ဆောင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင် များအား ကယားပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံ သည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား (၄.၉.၂၀၁၉) ရက်နေ့ (ဝ၆၃၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက်ရှိ Amazing Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန တာဝန် ရှိသူများနှင့် ကယားပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များမှ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်မှ ဒေသထွက်ရိုးရာထည်များအား အမှတ်တရ ပေးအပ်ခဲ့ပါသည်။