အခြေခံရှေးဦးသူနာပြုသင်တန်း(၁/၂၀၁၉) သင်တန်း ဆင်းပွဲ အခမ်းအနား လွိုင်ကော်တက္ကသိုလ်တွင် ပြုလုပ်

11-7-2019 1

11-7-2019 2

11-7-2019 3

(၂၀၁၉ ဇူလိုင် ၁၁)

လွိုင်ကော်တက္ကသိုလ် ကြက်ခြေနီအသင်းမှ ဦးစီးပြုလုပ် သည့် အခြေခံရှေးဦးသူနာပြု သင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားအား (၁၁-၇-၂၀၁၉) ရက် နေ့ (ဝ၉၀ဝ)နာရီအချိန် လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး၊ လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်း သား၊ ကျောင်းသူများ၊ ပြည်နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများစုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့သင်တန်းဆင်းပွဲအခမ်းအနားသို့ ကြွရောက် လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသား/သူအပေါင်း ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာပြီး နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း၊ မိမိတို့ ကြက်ခြေနီအသင်း နှင့်ပတ်သက်၍ လှုပ်ရှားမှုအား ၁၈၅၆ ခုနှစ်ခန့်က စတင် ခဲ့ပြီး သမိုင်းအစဉ်အလာ ကြီးမားပါကြောင်း၊ ကြက်ခြေနီ ၏ဖခင်ကြီးဖြစ်သည့် ဟင်နရီဒူးနန့်အား ကြက်ခြေနီ အသင်း၏ ဖခင်ကြီးအဖြစ် မှတ်ယူခြင်းမှာ အကြင်နာ တရား၊ စာနာမှုနှင့် ကရုဏာတရားကြီးမားသည့် စိတ်ဓာတ် ပိုင်ရှင်ဖြစ်၍ ကြက်ခြေနီအသင်း၏ ဖခင်ကြီး အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ၎င်းအနေနှင့် တိုက်ပွဲ တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ရှေးဦးသူနာပြု နည်း ဖြင့် ကုသပေးခဲ့ခြင်းကြောင့်လည်းကောင်း ကြက်ခြေနီ အသင်း၏ ဖခင်ကြီးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ပွဲ၏ အနိဋ္ဌာရုံ မြင်ကွင်းကြောင့် ကြားနေ၍ အကောင်း ဆုံးကြိုးပမ်းခဲ့သူဖြစ်ကြောင်း၊ ၁၈၅၇ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီအသင်း ICRC ကိုဖွင့်လှစ်ခဲ့ပြီး အမျိုး သားကြက်ခြေနီအသင်းမှ သဘာဝဘေးကျရောက် သည့် နေရာများ၊ လက်နက်ကိုင် ပဋိပက္ခများ၊ ဘေးဖြစ်နေသည့် နေရာများတွင် လူသားချင်း စာနာ ထောက်ထားမှု အထောက် အပံ့များအား ကြက်ခြေနီအသင်း၏ ရည်မှန်း ချက်ဖြင့် ကြိုးပမ်းဖော် ဆောင်နိုင်ခဲ့သည်များရှိကြောင်း၊ အသင်း၏ရည်ရွယ်ချက်(၃)ရပ်ရှိပြီး ဘေးဒုက္ခရောက်နေ သူများကို တားဆီး ကာကွယ်ပေးခြင်း စသည့် လုပ်ငန်း တာဝန်အပြင်၊ သဘာဝဘေးဖြစ်ပွားလာပါက သက်ဆိုင် ရာများနှင့် ပူးပေါင်း၍ ချက်ချင်းတုန့်ပြန်ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးလျက်ရှိပြီး ယခုလိုကောင်းမွန်သည့် ရည် ရွယ်ချက်များဖြင့် နိုင်ငံအကျိုးကို သယ်ပိုးနေသည့် အသင်း ဖြစ်ကြောင်း၊ ယခုလို ကြက်ခြေနီအသင်း၏ အခြေခံ ရှေးဦးသူနာပြု သင်ခန်းစာများကို လက်ခံရရှိပြီး ရှေ့ဆက်၍ ကြိုးပမ်းဆောင်ရွက်နိုင်မည် ဟုယုံကြည် ကြောင်း၊ ကြက်ခြေနီအသင်း၏ ရည်မှန်းချက်၊ ရည်ရွယ် ချက်များပိုမိုအောင်မြင်အောင် အကောင်အထည်ဖော် နိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ မြို့နယ် အလိုက် ကြက်ခြေနီ အသင်းခွဲများ ဖွင့်လှစ်နိုင်ရေး မြေနေရာများ လျာထားပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍ အသင်းကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ရော၊ ပြည်ထောင်စု၏ အားကိုပါ ရယူဖော်ဆောင်ရမည်ဖြစ် ကြောင်း၊ မိမိအနေနှင့် ယနေ့အခမ်းအနားတွင် အသင်း သား၊ သူများအားလုံး စိတ်ဓာတ်ခွန်အား တိုးတက် အောင် တင်ပြရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်တွင် ပရဟိတ အသင်းများစွာ ရှိကြောင်း၊ ၎င်းတို့အနေနှင့် ပိုမို အားကောင်းလာအောင် လုပ်နိုင်လာသည်ကို တွေ့မြင် နေရကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်၊ ရည်ရွယ်ချက် များအား ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းပရဟိတ အသင်းများမှ ပုဂ္ဂိုလ်များအား အသင်းဝင်းများအဖြစ် ပါဝင်လာအောင် စည်းရုံးဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ဆောင်ရွက်မည်ဆိုပါက ကြက်ခြေနီ အသင်းပိုမို အားကောင်းခိုင်မာလာမည်ဖြစ်ပါကြောင်း၊ ကြက်ခြေနီ အသင်းဝင်နိုင်ငံအဖြစ် ၁၉၃၇ ခုနှစ် တွင် စတင်ခဲ့ပြီး ICRC မှ အသိအမှတ်ပြုခဲ့ကြောင်း၊ အခြေခံမူ(၇)ချက်နှင့်အညီ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းသားများ တိုးတက်များပြားလာအောင် ချိတ်ဆက် ဆောင်ရွက် ပေးကြရန်ဖြစ်ကြောင်း၊ သင်တန်းသား/သူ များအနေနှင့် သင်တန်းမှပို့ချသင်ကြားခဲ့သည့် သင်ခန်းစာ များဖြင့် မိမိပတ်ဝန်းကျင်ကို အကောင်းဆုံး ပံ့ပိုး ဆောင် ရွက် ကြရန်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြား ပါသည်။

ထို့နောက် လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဌေးအောင်က အခြေခံ ရှေးဦးသူနာပြုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်မှ သင်တန်းထူးချွန်ဆုရ ကျောင်း သား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ကယား ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ လူနာတင်ယာဉ်ပြုပြင်ရန်အတွက် ငွေကျပ်(၅)သိန်း၊ ပြည်နယ်ကြက်ခြေနီအသင်းအတွက် မတည်ရန်ပုံငွေကျပ်(၅)သိန်း စုစုပေါင်းငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက သင်တန်း သား/သူများ အတွက် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ သင်တန်း နည်းပညာ ဆရာ၊ ဆရာမများ အား ဂုဏ်ပြုလက်ဆောင် များပေးအပ်ခြင်း၊ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ရှေးဦးသူနာပြုသင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသား/သူများမှ တင်ပြရာတွင် ကြက်ခြေနီ ယူနီ ဖောင်းရရှိလိုကြောင်း၊ မြို့နယ်များအလိုက် ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ပေးစေလိုကြောင်း၊ အသင်းသား များအတွက် ဆေးပုံးများ၊ ဆေးအိတ်များနှင့် ယူနီဖောင်း များ ပံ့ပိုးပေးစေလိုကြောင်း၊ အသီးသီးတင်ပြခဲ့ရာ တင်ပြ ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ အား ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။