ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင် အစည်းအဝေး ပြုလုပ်

10-7-2019-1 1

10-7-2019-1 2

10-7-2019-1 3

၂၀၁၉ ဇူလိုင် ၁၀

လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာ မိသားစုများနှင့် မြို့မိ/မြို့ဖ အလှူရှင်များ၏ ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆပ်ကော်မတီများမှ ကဏ္ဍအလိုက် အထွေထွေ ဆွေးနွေးတင်ပြကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှားကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။