(၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

10-7-2019 1

10-7-2019 2

10-7-2019 3

၂၀၁၉ ဇူလိုင် ၁၀

ကယားပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြုခြင်း၊ အရုဏ်ဆွမ်းကပ်လှူခြင်း၊ စာပေဆုချီးမြှင့်ခြင်းနှင့် စာပေဟောပြောပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီခွဲက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်နှစ်အားနည်းချက်များကို ပြုပြင်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ငွေကြေး သုံးစွဲမှု အနေဖြင့် ယခင်နှစ်စာရင်းစစ် အကြံပြုချက်များအပေါ် အလေးထားလိုက်နာပြီး အမှန်တကယ် ကုန်ကျ စရိ်တ်များကိုသာ သုံးစွဲသွားရန်ဖြစ်ကြောင်း၊ ကော်မတီအသီးသီးက တင်ပြလာသည့် အသုံးစရိတ် များကို လုပ်ငန်းအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် အမြန်ဆုံးထုတ်ပေး ဆောင်ရွက်သွားရန် လိုကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးမှ မိမိတို့ ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ကော်မတီအချင်းချင်းချိတ်ဆက် ဆောင်ရွက်သွားရန် လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး ဦးစီးကော်မတီဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးမှ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းရေးဆပ်ကော်မတီ၊ ချီတက်အလေးပြုခြင်းနှင့် အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးဆပ်ကော်မတီ၊ စာပေပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပရေးဆပ်ကော်မတီ၊ ဂုဏ်ပြုဆုချီးမြှင့်ရေးဆပ်ကော်မတီ၊ စာပေဆုချီးမြှင့်ပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ လုံခြုံရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ တို့က ဆပ်ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်သူများမှ ကဏ္ဍအလိုက် အထွေထွေ ဆွေးနွေးခြင်းများ ဆောင်ရွက်ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှားကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။