Hanns Seldel Foundation မှ တာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် လက်ခံတွေ့ဆုံ

9-9-2019-1 1

9-9-2019-1 2

9-9-2019-1 3

(၂၀၁၉ ဇူလိုင် ၉)

ကယားပြည်နယ်တွင် ဆက်လက်ဖော်ဆောင်မည့် ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ Hanns Seldel Foundation တာဝန်ရှိ သူများအား (၉-၇-၂၀၁၉)ရက်နေ့ (၁၅၀ဝ)နာရီအချိန် တွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကယားပြည်နယ် အစိုးရအဖွဲ့၊ Cabinet အစည်းအဝေး ခန်းမ၌ လပ်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် Hanns Seldel Foundation တာဝန်ရှိ သူတစ်ဦးမှ ဇွန်လ (၆၊ ၇၊ ၈)ရက်နေ့ များတွင် လွိုင်ကော် မြို့ ၌ စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အောင်မြင် စွာ ကျင်းပပြုလုပ်ရန်အတွက် ကယားပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အဖက်ဖက်မှ ထောက်ပံ့ ကူညီပံ့ပိုးပေးခဲ့ သည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကယား ပြည်နယ်အနေနှင့် ဆက်လက်ဖော်ဆောင်မည့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ တာဝန်ရှိသူများမှ ကယား ပြည်နယ်ခရီးပြည်နယ်၏ ခရီးသွား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည် များ ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး Hanns Seldel Found ation မှ ပြည်နယ်ဝန်ကြီးချုပ်အား ကျေးဇူးတင် ဂုဏ်ပြု လွှာပေးအပ်ခြင်း၊ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး တွေ့ဆုံပွဲ အောက်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။