လစဉ်မပျက် စာပေရေအေးတိုက်ကျွေးလျက်ရှိသော ရေချမ်းစင်

လွိုင်ကော် ဇွန် ၁၂

မြိုနယ်သဘာ၀ဘေးအန္တရာယ်  တားစီးကာကွယ်ရေးအဖွဲ့နှင့်  World Vision (လွိုင်ကော်) တို့ ပူးပေါင်းဖွင့်လှစ်သည့်  သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကိုဇွန်လ (၁၃) ရက်နေ့ နံနက် (၉) နာရီအချိန်က လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပရာ အခမ်းအနား သို့ လွိုင်ကော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်း၊ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊World Vision (လွိုင်ကော်) တာ၀န်ခံ ဦးရုပတ်သက်မောင် နှင့် သင်းတန်းသား/သူ (၃၀) ဦးတက်ရောက် ကြသည်။

ရှေးဦးစွာ လွိုင်ကော်ခရိုင်အုပ်ချုပ်ရေးမှူးက သဘာ၀ဘေးအန္တရာယ်ကြိုတင် တားစီးကာကွယ်ရေး အကြောင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် World Vision (လွိုင်ကော်) တာ၀န်ခံက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြကာအခမ်း အနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းကို (၁၃-၆-၂၀၁၃) မှ (၁၅-၆-၂၀၁၃) ရက်နေ့အထိဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။