ကယားပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ် (၃/၂၀၁၉) ပြုလုပ်

9-7-2019 1

9-7-2019 2

9-7-2019 3

(၂၀၁၉ ဇူလိုင် ၉)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရား ဥပဒေစိုးမိုးရေး ကဏ္ဍများ၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု ကဏ္ဍများ ဆောင်ရွက်ပေးလျက်ရှိသည့် ဌာနဆိုင်ရာများ အနေဖြင့် ပြည်သူတို့၏လိုအင်များအား မူဘောင်အတွင်း မှ ဟန်ချက်ညီညီ ဆောင်ရွက်ပေးနိုင်ရန်၊ ခရိုင်၊ မြို့နယ်နှင့် မိမိကွပ်ကဲမှု အောက်တွင်ရှိသည့် ဌာနများသို့ အချိန်နှင့် တပြေးညီ ကြပ်မတ်ဆောင်ရွက်နိုင်စေရန်၊ ဌာနဆိုင်ရာ အချင်းချင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ပါက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် နိုင်ရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကဏ္ဍများအား ပူပေါင်းကြပ်မတ်ဆောင်ရွက် နိုင်ရန် အတွက် ကယားပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား (၉-၇-၂၀၁၉)ရက်နေ့ (ဝ၉၀ဝ) နာရီအချိန် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၉) ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား သက်ဆိုင်ရာဌာန အလိုက် ပြန်လည်ရှင်းလင်းတင်ပြခြင်း ဆောင်ရွက်ခဲ့ပြီး အစီအစဉ်အရ တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ခဲ့ပြီးသည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ် များအား အသီးသီး ရှင်းလင်း တင်ပြကြပါသည်။

တင်ပြချက်များပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ပြန်လည်ဖြည့်စွက် ဆွေးနွေး ခဲ့ကြပြီး ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများမှ ကဏ္ဍအလိုက် ဖြည့်စွက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိဌာနများအလိုက် အကောင်အထည်ဆောင်ရွက်မည့် အခြေအနေများအား အပြီးသတ် ဆောင်ရွက်ပြီး ပြန်လည်တင်ပြရန် ဖြစ် ကြောင်း၊ ဌာနဆိုင်ရာများအနေနှင့် ရုံးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အချိတ်အဆက်မိမိ ဆောင်ရွက်ကြရန် လိုကြောင်း၊ ယခုလို ဌာနဆိုင်ရာအစည်းအဝေး များတွင် ဌာန၏ လိုအပ်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အချက်များ ကို ယခုလို အစည်းအဝေးတွင် တင်ပြပေးရန် ဖြစ်ကြောင်း၊ ဌာန အကြီးအကဲများအနေနှင့် မိမိတို့ ဌာနအတွက် လိုအပ် သည် များကို ရဲဝံ့စွာဖြင့် တင်ပြကြရန်လိုကြောင်း၊ သို့မှ သာ လိုအပ်သည်များကို ဖြည့်ဆည်းဖြေရှင်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် တစ်ဦး တစ်ယောက်တည်းဖြင့် ဆောင်ရွက်၍ မရဘဲ အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနများ အလိုက် အခက်အခဲများဖြစ်ပေါ်လာပါက အချိန်မီတင်ပြ ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ နေရပ်ပြန်လာသူများ နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ ဌာနအသီးသီးမှ ၎င်းတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ် သည့် ဆောင်ရွက် ချက်များကို အချိန်နှင့်တပြေးညီ အစီ ရင်ခံတင်ပြကြရန်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ လျှပ်စစ်မီတာခနှုန်းထား ပြင်ဆင်သတ်မှတ်ကောက် ခံမှုများနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိ ဌာနများက အသိပညာပေးဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ထို့အပြင် ဝန်ထမ်းအိမ်ရာများတွင် နေထိုင်သည့် ဝန်ထမ်းများ အနေ နှင့် မိမိတို့နေထိုင်သည့် အိမ်ရာများ သန့်ရှင်းသာယာ လှပရေးအတွက် အလေးထား ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မှတ်တမ်းဓာတ် ပုံများနှင့်တကွ ပြန်လည်တင်ပြရန်ဖြစ်ကြောင်းဖြင့် နိဂုံး ချုပ်လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး (၁၃၃၀) နာရီ အချိန်တွက် လုပ်ငန်းညိနှိုငူ် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက် ခဲ့ပါသည်။