ကယားပြည်နယ်အစိုးရအဖွဲ့၏ သတင်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ်(၈/၂၀၁၉) ပြုလုပ်

8-7-2019-1 1

8-7-2019-1 2

8-7-2019-1 3

( ၂၀၁၉ ဇူလိုင် ၈ )

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ကဏ္ဍများအား အထူးအလေးထားဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့၏ သတင်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၈/၂၀၁၉)အား (၈-၇-၂၀၁၉)ရက်နေ့ (၁၀ဝ၀)နာရီအချိန် ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် သက်ဆိုင်ရာ ဌာန တာဝန်ရှိ ပုဂ္ဂိုလ်များမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့သတင်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြလို သည်မှာ ယခုအစည်းအဝေးကို အစိုးရတစ်ရပ်၏ စီမံ အုပ်ချုပ်မှု အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် အတွက် ပြုလုပ် ခြင်းဖြစ်ပြီး၊ သတင်းများရယူခြင်း၊ သတင်းများတင်ပြခြင်းကို ပေါ့ပျက်ပျက် မလုပ်ဆောင်စေ လိုကြောင်း၊ သတင်းများကို ခိုင်လုံတိကျပြီး လမ်းညွှန်မှု ပေးနိုင်သည့် သဘောမျိုး တင်ပြကြရန်လိုကြောင်း၊ သတင်း ရယူစဉ်ကပင် လွဲမှားမှုမရှိစေရေး ဆောင်ရွက်ရန် လိုကြောင်း၊ မူဝါဒနှင့်အညီ စနစ် တကျ စီမံကြပ်မတ်ကြ ရန်လိုကြောင်း၊ အကြီးအကဲများကိုယ်တိုင် မူဝါဒများကို သိရှိကြရန်လိုကြောင်း၊ ယင်းအပေါ်ကိုသုံးသပ်၍ ပေါ့ပျက် နေခြင်းဟု ပြောနေရခြင်းဖြစ်ကြောင်း၊ ဥပမာ မူးယစ် ဆေးဝါး နှင့် ပတ်သက်၍ သတင်းပေးတင်ပြမှု အနေနှင့် သက်ဆိုင်ရာ အဆင့်ဆင့် သတင်းပေးကတည်းက မပြည့် စုံမှု အားနည်းခဲ့မှုများကြောင့် ဖြစ်ကြောင်း၊ သတင်းများ ကို သိရှိပြီး ဖော်ထုတ်နိုင်ရေး စဉ်ဆက်မပြတ် ကြိုးပမ်း ကြရန်လိုကြောင်း၊ တက်ရောက်လာသူများက ယင်း အခြေ အနေများ၏ အားနည်းချက်ကို သုံးသပ်ဆွေးနွေး စေလိုကြောင်း၊ မြေပြင်တွင် ခရိုင်နှင့် မြို့နယ်အုပ်ချုပ် ရေးမှူး များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါ ပါကြောင်း၊ အမှန်တကယ်လက်တွေ့တွင် ထောက်ထား နေ၍ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့မြင်ရကြောင်း၊ ယင်းအတွက် ကြုံနေရသည့် အခက် အခဲများကို တင်ပြစေလိုကြောင်း၊ သို့မှသာ မူဝါဒများကို ချမှတ်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ ထို့အပြင် တောရိုင်းတိရစ္ဆာန်များ၏ အန္တရာယ် ပြုမှုများ ကိုလည်း ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ စည်ပင် သာယာရေးအဖွဲ့မှ ရေခွန် ကောက်ခံမှုများနှင့်ပတ် သက်၍ ပြည်သူများထံမှ ရေမီတာခွန်ကောက်ခံခြင်း တစ်လနှင့် တစ်လ ကွာဟမှုမြင့်မားနေသည့် အခြေအနေများကို ကြားသိနေရကြောင်း၊ ယင်းအချက်များကိုလည်း အဖြေ ရှာဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အမှန်တကယ်သိရှိအောင် ချပြသင့်က ချပြရမည်ဖြစ် ကြောင်း၊ အလားတူ လျှပ်စစ်မီတာနှင့်ပတ်သက်၍ သတ် မှတ် အချိုးအလိုက် ကောက်ခံ သွားမည်ဖြစ်ပြီး မြို့နယ် အလိုက် ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် အသိပေးဆောင် ရွက်ရန် ဖြစ်ကြောင်း၊ မီတာခ အမှန်တကယ်တိုးမြှင့်မည့် အခြေအနေမှန်ကို ဆိုင်ရာဌာနများက လူထုသိရှိ အောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ သတ္တုကဏ္ဍနှင့်ပတ်သက် ၍ လည်း ကုမ္ပဏီများ၏ CSR လုပ်ငန်းဆောင်ရွက်မှု များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်လိုကြောင်း၊ ယင်းသို့ သိရှိနိုင်စေရေး သက်ဆိုင်ရာဌာနက လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ အမှန်တကယ် လုပ်ဆောင်နေသည့် အခြေ အနေကို မှန်မှန်ကန်ကန် တင်ပြရမည်ဖြစ်ကြောင်း၊ မိမိ အနေနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းသွားမည် ဖြစ်ရာ ဌာနများအနေနှင့်လည်း မိမိတို့သိရှိထားသည့် သတင်း အချက်အလက်များကို တင်ပြဆွေးနွေး၍ အကောင်းဆုံးဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားပါသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများက လုံခြုံရေးနှင့်စပ်လျဉ်းသည့် အခြေအနေများ၊ မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တရား မဝင် သစ်၊ သတ္တု သယ်ဆောင် မှု ကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့နှင့် သက်ဆိုင်သည့်ကဏ္ဍ များအလိုက် သတင်းရရှိမှု အခြေအနေများ၊ ဆောင်ရွက်မည့် လုပ်ငန်းကိစ္စ ရပ်များ ကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပြီး တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက်ရောက်လာသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးအား (၁၃ ၄၀)နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။