ခုံးန်ဟန့်စံပြကျေးရွာအကောင်အထည်ဖော်နိုင်ရေး Village Plan ရေးဆွဲမည့်ပညာရေးရှင်များနှင့် တွေ့ဆုံ

8-7-2019 1

8-7-2019 2

8-7-2019 3

( ၂၀၁၉ ဇူလိုင် ၈ )

ကယားပြည်နယ်အစိုးရအဖွဲ့အနေနှင့် ဒေသဖွံ့ဖြိုးရေး၊ မြို့နယ်အသီးသီးရှိ ဒေသခံ ပြည်သူများအတွက် အခြေခံ အဆောက်အဦ ကောင်းများ ပေါ်ထွက်လာစေရေး သက် ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ကဏ္ဍအလိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈-၇-၂၀၁၉) ရက် နေ့ (ဝ၉၀ဝ)နာရီအချိန် ကယားပြည်နယ်အစိုးရအဖွဲ့ Cabinet အစည်းအဝေးခန်းမ၌ ခုံးန်ဟန့်စံပြကျေးရွာ Village Plan ရေးဆွဲရေးပညာရှင်များနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ် ဝန်ကြီး၊ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ ခေတ္တ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် သက်ဆိုင်ရာ ဌာနတာဝန် ရှိ ပုဂ္ဂိုလ်များ၊ ခုံးန်ဟန့် စံပြကျေးရွာဖော်ဆောင်ရေး ကော်မတီဝင်များမှ တက် ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေး ဌာနခွဲမှ ဒုတိယ ညွှန် ကြားရေးမှူးက ကျေးရွာ Plan ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ တွေ့ကြုံရနိုင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြ ရာ တင်ပြချက်အပေါ် ဝန်ကြီးချုပ်မှ တောတောင် ရေမြေ သဘာဝအရ စံပြကျေး ရွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ စိစစ်ရန်ဖြစ်ပြီး ရေမြေ တောတောင် အခြေခံ ကောင်းများ ကို မှီ၍ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက် ပေးစေလို ကြောင်း၊ နောင် တစ်ချိန် တွင် မြို့ပြဖြစ်ပေါ်လာနိုင်ရေး မျှော်မှန်း ဆောင် ရွက်လို ကြောင်း၊ ဥပဒေအခြေအနေအရ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်သည်ကို တာဝန်ရှိသူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း၊ လူထု ၏ လိုလားချက် များကိုလည်း ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြရန် ဖြည့်စွက်လမ်းညွှန်မှာကြားပါသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ကွင်းဆင်းစိစစ်ဆောင်ရွက်မည့် အခြေအနေများ၊ အသေး စိတ်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်မှ အနီးအနား ဝန်းကျင်ရှိ ဒေသခံကျေးရွာများမှ ပြည်သူများ သိရှိနိုင် ရေး၊ ပူးပေါင်းပါဝင်ရေး ဆောင်ရွက်မည်ဆိုပါက ပိုမို ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ အနေနှင့်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းများ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်စဉ် လိုအပ်သည့်ရန်ပုံငွေနှင့် မော်တော်ယာဉ် များကို ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးမည်ဖြစ်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြား ခဲ့ပြီး (ဝ၉၃၀)နာရီအချိန်တွင် အစည်းအဝေးအောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။