အရပ်ဖက် အဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီ ကယ်ဆယ်ရေး ပရဟိတအဖွဲ့အစည်းများ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

7-7-2019  1

7-7-2019  2

7-7-2019  3

7-7-2019  4

( ၂၀၁၉ ဇူလိုင် ၇ )
နိုင်ငံတော် အစိုးရအနေဖြင့် အရပ်ဖက် အဖွဲ့အစည်းများ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရနှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ပြီး အရပ်ဖက် အဖွဲ့အစည်းများ ခိုင်မာ အားကောင်းလာစေရေးအတွက် အလေးထား ဆောင်ရွက် လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကယားပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ သဘောဝဘေး ကူညီကယ်ဆယ်ရေး ပရဟိတ အဖွဲ့ အစည်းများ၊ လူငယ်ရေးရာကော်မတီဝင်များ၊ ဒေသခံ ပြည်သူများ နှင့် တွေ့ဆုံပွဲအခမ်းအနားအား (၇-၇-၂၀၁၉) ရက်နေ့ (၁၀ဝ၀)နာရီအချိန် လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ကယားပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ် ချုပ်နှင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန် ရှိသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်း အသီးသီးမှ ဖိတ်ကြားထားသူများ စုံလင်စွာတက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေးက အဖွင့်အမှာစကားပြောကြားရာတွင် တက်ရောက် လာသည့် တာဝန်ရှိသူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေကြောင်း၊ ယခုလိုတွေ့ဆုံပွဲ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသည့် ကယား ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနများ ကို ကျေးဇူးတင်ပါကြောင်း၊ မိမိတို့နှင့် အတူ ပူးပေါင်း ဆောင်ရွက်မည့် ဌာနအဖွဲ့အစည်းများ၊ လူငယ်ရေးရာ မူဝါဒကို အကောင်အထည် ဖော်မည့် လူငယ်များနှင့် ဒေသခံ အဖွဲ့အစည်းများအားလုံးကို ကျေးဇူး အထူး တင်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် အစိုးရ၏ လုပ်ဆောင်မှုကိစ္စရပ်များကို လုပ်ဆောင်ရာတွင် ကဏ္ဍ အလိုက် ဆောင်ရွက်ရသည်များရှိရာ မိမိတို့ ဝန်ကြီးဌာန အနေနှင့် လုပ်ငန်း တာဝန်များ များပြားပါကြောင်း၊ အစိုးရ အနေနှင့် သာတူညီမျှ ခံစားခွင့်ရရှိရေး ဆောင်ရွက် ပေးလျက်ရှိပြီး ယခုလိုဆောင်ရွက်ရာတွင် စနစ်ကျစေရေး အတွက် မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန် ဆောင်ရွက်ရကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင် လွှတ်တော်သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ လွှတ်တော်မှ ဥပဒေ ကြမ်းမှတဆင့် အတည်ပြုနိုင်သည့် ဥပဒေရရှိသည် အထိ ဆောင်ရွက် ရပြီး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြည်သူလူထုက အားလုံး မသိရှိနိုင်၍ သိရှိနိုင်ရေးအတွက် ဆောင်ရွက်ရန် လို ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများမှ တဆင့် သတင်း စကားဖြန့်ဝေ၍ ဆောင်ရွက်လျက်ရှိပြီး ယင်းအချက်ဖြင့် အားလုံး၏ သဘောကိုရရှိ၍ ဆောင် ရွက်နိုင်မည် ဖြစ်ကြောင်း၊ အချိတ်အဆက်မိအောင် ဆောင်ရွက်နိုင်ရေး ကြီးစားဆဲဖြစ်ရာ ပူးပေါင်း ပါဝင်ပေးရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးမှ မိမိတို့ ဌာန အနေနှင့် ပဋိသန္ဓေတည်သည်မှ သက်ကြီး ရွယ်အိုများ အထိ လူမှုရေးရာ ကိစ္စရပ်များကို ဆောင်ရွက်ရကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ခြင်း၊ အကာအကွယ်ပေးသည့် ကာကွယ်စောင့် ရှောက်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ရ ကြောင်း၊ ကလေး သူငယ် အခွင့်အရေး ကာကွယ်စောင့် ရှောက် ရေး CRC ကော်မတီများကိုလည်း ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ယင်းကော်မတီများအနေနှင့် ဥပဒေများ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းအချက်များ ကို အမှန်တကယ် ဆောင်ရွက်နိုင်ရန်မှာ ပါဝင်ဆောင် ရွက် မည့် သူများက လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ စသည့် အဖွဲ့များမှ သိရှိပျံ့နှံ့ အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ မိမိဝန်ကြီးဌာနရှိ ဌာနများ အနေနှင့် ပူးပေါင်း ဖော်ဆောင်ရ မည်ဖြစ်ပြီး၊ နောင်တွင် လိုအပ်သည် များကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်း ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး လူငယ်ရေးရာမူဝါဒရေးဆွဲရာတွင် ခက်ခဲစွာ ဆောင်ရွက် ရပြီး မူဝါဒတစ်ရပ် ပါ်ပေါက်လာရန်အတွက် ဆောင်ရွက် ရန်လိုကြောင်း၊ လူငယ်များအနေနှင့် မြို့ရော၊ တောပါ မကျန် အားလုံးသည် လူငယ်များ ဖြစ်ရာ ၎င်းတို့နှင့် ထိတွေ့၍ ၎င်းတို့အကျိုးကို ဖော်ဆောင်မည့် မူဝါဒ ဖြစ်ရန်လိုကြောင်း၊ အားလုံးနှင့် ဆိုင်သည့်ကိစ္စရပ်တွင် ကဏ္ဍ(၁၆)ရပ်ပေါ်ပေါက်လာပြီး လက်ရှိရေးဆွဲထားသည့် လူငယ်ရေးရာ မူဝါဒ သည် ကဏ္ဍစုံလင်စွာပါရှိကြောင်း၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မည်မျှရရှိအောင် ဆောင် ရွက်နိုင်မည်ကို သိရန်လိုကြောင်း၊ ပြုပြင်ရန်လိုသည် များကို ပြုပြင်၍ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ယင်းမူဝါဒ ကို အတည်ပြုပြီးပါက အကောင်အထည်ဖော်ရန်လိုပြီး မဟာဗျူဟာစီမံချက်များချမှတ်ဆောင်ရွက် ရန်ဖြစ်ပြီး ယင်းမှတစ်ဆင့် လုပ်ငန်းစဉ်များပေါ်ထွက်လာမည်ဖြစ်ရာ ပြည်နယ်နှင့်တိုင်းအလိုက် ကွဲ ပြား သည့် လုပ်ငန်းစဉ်များ ရရှိလာမည်ဖြစ်ပြီး လက်ရှိပါဝင်မည့် လူငယ်များက မိမိ တို့တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြား ခဲ့ပါသည်။
အလားတူ မိမိ တို့ဝန်ကြီးဌာနအနေနှင့်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး အားလုံးပျံ့နှံ့သိရှိရေးအတွက် မီဒီယာ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းစဉ်များ ကွဲပြားမှုကြောင့် ဦးစားပေးများ ဖော်ထုတ်၍ ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ လူငယ်များသည် အနာဂတ်အတွက် ပုခုံးပြောင်း ထမ်း ဆောင်ကြရမည်ဖြစ်ရာ လူငယ်နှင့်လူကြီး ပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ လူကြီးများနှင့် အတူဆောင် ရွက်ရင်း အမှားသိ၍ အမှန်ပြင်ခြင်းစသည့် အတွေ့အကြုံ လက်ဆင့်ကမ်းခြင်းများကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ရှေ့ဆက်မည့် လမ်းခရီးများကို မြန်ဆန်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ယင်းအတွက် လူငယ် များကိုတန်ဖိုးထားပြီး လူငယ့်ရေးရာမူဝါဒကို ရေးဆွဲ ရခြင်း ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒအား လူငယ် များလက်ထဲရောက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ဆောင်ရွက်သူများကိုယ်တိုင်ကလည်း ယင်းမူဝါဒကို ကောင်းစွာသိရှိလေ့လာ သုံးသပ်နိုင်ရ မည် ဖြစ်ကြောင်း၊ အချက်တစ်ချက်နှစ်ချက်ကို တစ်စွန်း တစ်စ ကြားသိ၍ မိမိတို့ ထင်မြင်ယူဆချက်ကို ပြသကြ ပါကြောင်း၊ အားလုံးကို အစဆုံးဖတ်ရှု လေ့လာသင့် ကြောင်း၊ လေ့လာလိုစိတ်ရှိအောင်လည်း ပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ယခုကြွရောက်လာသည့် လူငယ်များက ဆွေးနွေးကြရန်လိုပြီး၊ လူငယ်များ နှင့်ပတ်သက်သည့် လုပ်ငန်းများသည် ဝန်ကြီးဌာနများနှင့် ဆက်စပ်သွား မည်ဖြစ်ပြီး လူငယ်နှင့် ဆိုင် သည့် ဘတ်ဂျက် ခေါင်းစဉ် များ ကိုလည်း ထည့်သွင်းလျာထားရန် စီစဉ်ထားပါ ကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်၍လည်း ကြိုတင် စီမံဆောင်ရွက်မှုများရှိပြီး ကဏ္ဍအသီးသီးတွင် လူငယ် များ အတွက် ဆိုင်ရာဝန်ကြီးဌာနများအလိုက် စီမံနေပြီ ဖြစ်ပါကြောင်း၊ အစိုးရ၏ မူဝါဒချမှတ်ထားမှု အပေါ် မူတည်၍ ဝန်ကြီးဌာနများကို ဆောင်ရွက်လျက်ရှိရာ လူငယ်များက ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ သဟဇာတ ဖြစ်အောင် ညီညွတ်အောင် ဆောင်ရွက်နိုင်ရန် အတွက် ထိတွေ့ကြရန်လိုကြောင်း၊ အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အရာရာကို အောင်မြင် အောင်ဆောင်ရွက်နိုင်မည်ဖြစ်ရာ တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ပေးကြရန် ပန်ကြားလို ကြောင်း၊ လိုအပ် ချက်များကို အားလုံးညှိနှိုင်း ပူးပေါင်းအဖြေရှာရန် လိုကြောင်း၊ ယနေ့လာရောက်သည့် ရည်ရွယ်ချက်သည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပါဝင်ပြီး ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာ နေပြီး ကမ္ဘာတစ်ဝှမ်းလုံး တွင် ဖြစ်ပေါ်နေပြီး သဘောဝဘေးများလည်း ဖြစ်ပေါ် နေကြောင်း၊ ယမန်နှစ် က မွန်ပြည်နယ်တွင် လွန်ကဲသည့် မိုးရွာသွန်းမှုတစ်ခု ကြုံတွေ့ခဲ့ရကြောင်း၊ သဘာဝဘေး ဖြစ်ပေါ်မှု သည် ပိုမိုပြင်းထန်လာသည်ကို တွေ့လာရ ကြောင်း၊ ယင်းကြောင့် ပြုပြင်ပြောင်းလဲရန် လိုသည် များကို လုပ်ဆောင်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကဏ္ဍများတွင်လည်း ပြောင်းလဲကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးမှ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သည့် လူ့အဖွဲ့ အစည်းဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ ယင်း အပြင် ပြန်လည် ထူထောင်ရေးများကိုလည်း ဆောင်ရွက် ရမည်ဖြစ်ပြီး အစိုးရနှင့်ပြည်သူ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ ပြည်သူ့အကျိုးကို ဖော်ဆောင်ရန် လိုပြီး အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတများ ဖောင်ဒေးရှင်း များသည် လွန်စွာ အရေးကြီးပြီး ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ကြရန် လို ကြောင်း၊ မူဝါဒ အရ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် လူငယ်ရေးရာနှင့် ပတ်သက်သည့် ကော်မတီများ ဖွဲ့စည်းထားရှိပြီး အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်ထားရှိကြောင်း၊ အစိုးရနှင့် ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး ဆောင်ရွက်နေသလို ပြည်သူကြားရှိ လူမှုအဖွဲ့ အစည်းအသီးသီးကလည်း လူငယ်များနှင့် ပူးပေါင်းရန် လိုကြောင်း၊ ပူးပေါင်း ဆောင်ရွက် ခြင်းပါဝင်ခြင်းကို အထူးအလေးထားလျက် ရှိကြောင်း၊ ဗဟို ကော်မတီတွင် လည်း ပါဝင်သင့် ပါဝင် ထိုက်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ် များတွင်လည်း အလားတူ ဖွဲ့စည်းထားကြောင်း၊ ၎င်း ကော်မတီများတွင် လူမှု အဖွဲ့ အစည်းများကို ထည့်သွင်း ၍ ဖွဲ့စည်းဆောင်ရွက် စေလို ကြောင်း၊ ယင်းသို့ဆောင် ရွက်မည်ဆိုပါက ချိတ်ဆက်မှု ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း၊ ဗဟို ကော်မတီ တွင်လည်း ပညာရှင်များကို ထည့်သွင်းဖွဲ့စည်း ဆောင်ရွက် ထားပြီး အကြံဉာဏ်များ ရယူ၍ လိုအပ်သည့် ထုတ်ပြန်ချက်များကို ထုတ်ပြန် လျက်ရှိကြောင်း၊ ပြည်နယ် ကော်မတီများတွင်လည်း အလားတူဆောင်ရွက် မည်ဆိုပါက ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ ယနေ့ အခမ်းအနားတွင် လူငယ်ရေးရာ မူဝါဒ များကို အကောင် အထည်ဖော်မည့် အစိုးရနှင့် အဖွဲ့အစည်း အသီးသီး ရောက်ရှိ နေသည်ဖြစ်ရာ ကော်မတီ၏ လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအနေနှင့် အစိုးရ၏ ဝန်ကြီးဌာနကဏ္ဍများအလိုက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အားလုံးကပူးပေါင်း ဆောင်ရွက် ပေးကြ စေလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်လာသည့် ပြည်ထောင် စုဝန်ကြီးနှင့်တကွ ကြွရောက်လာသူများအားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ယနေ့သည် ပြည်နယ် အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ တစ်နေ့ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာ တွင် ယနေ့ ကြွရောက်လာသူများအားလုံး၏ အချိတ် အဆက်မိမိ ပူးပေါင်းဆောင်ရွက် မှုအား များစွာလိုအပ် ပါကြောင်း၊ လူငယ်ရေးရာမူဝါဒများကို ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ရှင်းလင်း ချပြသွားသည့်အတွက် များစွာကျေးဇူးတင်ပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်း ချက် မူဝါဒများကို ဖော်ဆောင်ရာတွင် အားနည်းခဲ့သည့် အချက်များကြောင့်လည်း အချို့ရည်မှန်းချက်များ မအောင်မြင် ခဲ့ခြင်းဟု သုံးသပ်လိုပါကြောင်း၊ မိမိအနေနှင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအတိုင်း မိမိ တို့ ပြည်နယ်တွင် ဖော်ဆောင်ထားမှုများကို တင်ပြလိုပါ ကြောင်း၊ မိမိတို့ပြည်နယ်အနေနှင့် သဘာဝ ဘေးအနေနှင့် ရေရှားပါးမှုရှိပြီး၊ မီးဘေးနှင့် ရေဘေးများ အနည်းငယ် သာ ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေနှင့် သဘာဝ ဘေးဖြစ်ပေါ်လာပါက ချက်ချင်းတုန့်ပြန်ဖြေရှင်းနိုင်ရေး ကော်မတီအသီးသီး ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး၊ ဆောင်ရွက်ရာတွင်လည်း အဖွဲ့အစည်းအသီးသီး မှ ပူးပေါင်း၍ ချက်ချင်းဖြေရှင်းဆောင်ရွက် ပေးနိုင်သည် ကိုလည်း တွေ့မြင်ရပါကြောင်း၊ ရေရှားပါးမှု ဖြစ်ပေါ်နေ သည့် ကျေးရွာများတွင်လည်း ရေလှူဒါန်းမှုများ ဆောင်ရွက် လျက်ရှိပြီး ကျေးရွာများအတွက် လူမှုအဖွဲ့ အစည်းများကလည်း သွားရောက်လှူဒါန်း ဆောင်ရွက်မှု များ ရှိပြီး မိမိတို့အနေနှင့် ဖြေရှင်းနိုင်ရေးအတွက် လာမည့် ဘဏ္ဍာနှစ်တွင်ရန်ပုံငွေများ လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအနေနှင့် ဝန်ကြီးဌာန ၏ မူဝါဒနများကို ဖော်ဆောင်ပေးရာတွင် ပြည်နယ် အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု အားနည်း နေသည်ကို ဝန်ခံပါကြောင်း၊ နောင်တွင် ယခု ထက် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရေရှားပါးမှုဖြေရှင်းနိုင်ရေးအတွက် Master Plan ရေးဆွဲနေပြီး မူဝါဒ(၁၆)ချက်ကို ဖော်ဆောင်နိုင်ရေး အတွက် စီမံနေမှုများရှိပြီး ၂၀၁၈ ခုနှစ်တွင် လူငယ်ရေးရာ မူဝါဒ ကော်မတီအတွက် လွိုင်ကော်လေဆိပ် နဘေးတွင် မြေဧရိယာ(၁၀)ဧကရှိ မြေနေရာများလျာထားဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ယင်းမြေနေရာ၌ပင် လူငယ်စင်တာ ဖြစ်ပေါ် လာရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ များဆောင်ရွက်နိုင်ရန်အတွက် Master Plan ကို ဖော် ဆောင်နိုင်ရေးအတွက် ချပြဆောင်ရွက်သွား မည်ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အရပ်ဖက်လူမှုအဖွဲ့ အစည်းအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ရာ ပါဝင်ကြစေလိုပါကြောင်း၊ ထို့အပြင် လူငယ်များ၏ စိတ်ဝယ် ခံစားချက်အနည်း အကျဉ်းရှိမည်ဖြစ်ပြီး မူကြမ်းရေးဆွဲစဉ်နှင့် အပြီးသတ် ရေးဆွဲရာတွင် ပါဝင် ခွင့်ရရှိလိုသည့် ခံစားချက်ဖြစ်ပေါ် နေပြီး မူကြမ်းရေးဆွဲခဲ့သည့် အဖွဲ့အနေနှင့် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး လက်တွဲခေါ်ဆောင်ရွက် နေကြောင်း၊ ၎င်းလူငယ်များကို မိသားစုအရင်းသဖွယ် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့် အညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလို ကြောင်းဖြင့် အမှာစကားပြောကြား ပါသည်။
ထို့နောက် ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးမှ DAN Myanmar Mobile Application အသုံးပြုပုံများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြ ခဲ့ပြီး ကယားပြည်နယ် လူငယ်ရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကယားပြည်နယ် လူငယ်ရေးရာကော်မတီ ဝင် တစ်ဦးမှ သိရှိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင် စု ဒုတိယဝန်ကြီး တို့မှပြန်လည်ရှင်းလင်း ဖြေကြားခဲ့ ပါသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ သဘာဝဘေးကူညီကယ်ဆယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်းများဆောင်ရွက်ခဲ့ပြီး အကြံပြုတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများအား ပြန်လည် ရှင်းလင်း တင်ပြခဲ့ကြပါသည်။