မောင်တောဒေသတွင် ကျဆုံးခဲ့သော ရဲတပ်သားတစ်ဦး၏ မိခင်အား မြေပေးမိန့်ပေးအပ်

5-7-2019-2 1

5-7-2019-2 2

5-7-2019-2 3

( ၂၀၁၉ ဇူလိုင် ၅ )

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ အမှတ်(၃) နယ်ခြားစောင့် ရဲတပ် ဖွဲ့ခွဲ၊ ငမြင်ဘော်ရဲကင်းစခန်းတွင် တာဝန်ထမ်း ဆောင် လျက်ရှိသည့် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှ ရဲတပ်သား ကိုကိုလတ်သည် (၄-၁-၂၀၁၉) ရက်နေ့တွင် AA သောင်းကျန်းသူအဖွဲ့မှ သာလွန် အင်အားဖြင့် လာရောက် တိုက်ခိုက်မှုအား မိမိအသက်ကို ပဓာန မထားဘဲ ရဲဝံ့သောစိတ်ဓာတ်ဖြင့် ပြန်လည်ခုခံ တိုက်ခိုက် ရင်း ကျဆုံးခဲ့ပါသည်။

အဆိုပါ ကျဆုံးခဲ့သည့် ရဲတပ်သား၏ မိခင် နေထိုင်နိုင်ရေး အတွက် မြေပေးမိန့်အား ကယား ပြည်နယ်ဝန်ကြီးချုပ်မှ (၅-၇-၂၀၁၉) ရက်နေ့ (၁၀ဝ၀) နာရီ အချိန် ကယား ပြည်နယ် အစိုးရအဖွဲ့ Cabinet အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ရာ လက်ခံရရှိသူ ကွယ်လွန်သူ ရဲတပ်သား၏ မိခင်ဖြစ်သူ ဒေါ်သန်းစိန်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည် နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တ အတွင်းရေး မှူး၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။