၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စာရင်းကောက်ယူခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်

20-6-2019-3 1

20-6-2019-3 2

20-6-2019-3 3

(၂၀၁၉ ဇွန် ၂၀)

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စာရင်းကောက်ယူခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ()နာရီက ကယား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးညီညီမင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေ ဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း စာရင်းတွင်ပါဝင်ရေးနှင့် မဲစာရင်းတိကျမှန်ကန်ရေးတို့အတွက် မြို့နယ် အလိုက် နည်းပြတာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲအရာရှိများ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး များနှင့် မြို့နယ်လဝကမှူးများ အနေဖြင့် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စာရင်းပြုစုခြင်းဆိုင်ရာ သင်တန်းပို့ချချက်များကို သေချာလေ့လာမှတ်သားသွားကြရန်လိုကြောင်း ပြော ကြားသည်။

ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုတိယညွှန်ကြားရေးမှူးတိ်ု့က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး စာရင်းကောက်ယူခြင်းဆိုင်ရာ နည်းစနစ်များကို ရှင်းလင်းပို့ချခဲ့သည်။

အဆိုပါသင်တန်းသို့ ကယားပြည်နယ်အတွင်းရှိ ခရိ်ုင်အုပ်ချုပ်ရေးမှူးများ၊ ဒု-ခရိုင်အုပ်ချုပ် ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးများ စုစုပေါင်း သင်တန်းသား(၃၂) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

Opening the training of trainers concerned with data collection to hold successfully the upcoming 2020 election

Loikaw, 20th June

 To hold successfully the upcoming election, 2020 in Loikaw, Kayah State, the opening ceremony of training of trainers to collect the data, is held in the meeting hall of General Administration  Department of Kayah State  at 2 p.m. this afternoon.