လွိုင်ကော်၊ ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

20-6020191

20-6020192

20-6020193

(၂၀၁၉ ဇွန် ၂၀)

မြို့ပြနှင့် ကျေးလက်တပြေးညီ ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အနေဖြင့် ဘက်စုံကဏ္ဍစုံမှ ဆောင်ရွက်ပေး လျက်ရှိရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန အနေဖြင့်လည်း ကျေးလက်ရေပေးရေး၊ လယ်ယာ ကုန်ထုတ်လမ်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာ များအတွက် အသက်မွေးဝမ်းကြောင်း အထောက်အကူ ပြု သင်တန်းများ၊ (VDP) ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း၊ (CDD) လူထု ဗဟိုပြု စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ပြီး လွိုင် ကော်၊ ရှားတောမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ နှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင် သော သုံးသပ်ဆွေးနွေးပွဲအား (၂၀.၆.၂၀၁၉) ရက်နေ့ (ဝ၉၀ဝ) နာရီ အချိန်တွင် လွိုင်ကော်မြို့၊ ပြည်နယ် ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ ကယား ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွိုင်ကော်၊ ရှားတော မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ ကျေးရွာ ကော်မတီဝင်များ၊ CSOs / NGOs၊ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ပါသည်။

သုံးသပ်ဆွေးနွေးပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်း ကို ကယားပြည်နယ်၏ မြို့နယ် (၇) မြို့နယ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာ ချက်များရှိကြောင်း၊ အားနည်ချက်များကိုလည်း လျော့ နည်းသွားအောင် ပူးပေါင်းဆောင်ရွက်ပေးသွားရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ရှိနိုင်ကြောင်း၊ အခက်အခဲများအား ညှိနှိုင်းကြိုးပမ်း အကောင်အထည် ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခက်အခဲများ ရှိပါက ကျေးရွာ ကော်မတီအနေဖြင့် အချိန်နှင့် တပြေးညီ လာရောက်တင်ပြနိုင် ပါကြောင်း၊ ပြည်သူများ ရဲ့ တင်ပြ ချက်များအပေါ် မိမိအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ လုပ်ငန်းများအား မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် အားစိုက်ဆောင်ရွက် ပေးစေလိုကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ရရှိလာသည့် ရန်ပုံငွေများအား ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် အညီ သုံးစွဲရန် လိုအပ်ကြောင်း၊ အားလုံး ပူးပေါင်းခြင်း ဖြင့် မလျော့သော့ဇွဲနှင့် စေတနာ၊ မေတ္တာထား ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

Holding the meeting of Community Driven Development Project (Third circle) from Shartaw township, Loikaw, involved the concerned people at the township level  

( 20th June, 2019)

 

To develop the urban and rural at the same time, the country has been carrying out all around rural development. As the Department of  Rural Development, distributing rural water supply, the way of farm products, the project of Mya Sein Yaung village, training centers which provide earning for the villages, Village Development Project, Community Driven Development  are being implemented, and the meeting of Community Driven Development Project (Third circle) from Shartaw township, Lokaw which is involved all kinds of the concerned people at the township level, was held in State Hall, Loikaw at 9 o’clock in the morning on June 20, 2019.