နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ (၇၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဝေးလံသည့် ကျေးရွာ များမှ အခြေခံပညာကျောင်းများသို့ ကျောင်းသုံး ပစ္စည်းများနှင့် စာရေးကိရိယာများ သွားရောက်လှူဒါန်း

19-6-2019-4 1

19-6-2019-4 2

19-6-2019-4 3

(၂၀၁၉ ဇွန် ၁၉)

ကယားပြည်နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မယ်စဲ့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာကျောင်း (၉)ကျောင်းသို့ မုန့်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားအား (၁၉-၆-၂၀၁၉)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ကယားပြည်နယ် ရင်ခွင့်မဲ့ကလေးများ လျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မြင့် မြင့်မော်နှင့်အဖွဲ့သည် ဝေးလံခေါင်သီပြီး လူမှုရေး ခက်ခဲသော အခြေခံပညာကျောင်းများဖြစ်သည့် အမက (လယ်တော)နှင့် အမက(လမ်းဆုံ)မှ ကျောင်းသား/သူ စုစုပေါင်း (၇၀)ဦးအတွက် မုန့်နှင့် ကျောင်းသုံး ပစ္စည်းများ ဖြစ်သည့် ထီး၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ အား လည်းကောင်း၊ မူလွန်(ဟိုဂျစ်)ကျောင်းတွင် မူလွန် (ဟိုဂျစ်)၊ အမက(ဟိုဖ)နှင့် အမက (တောင်လှ) ကျောင်း များမှ ကျောင်းသား/သူ (၁၂၄)ဦးတို့အတွက် မုန့်၊ ကျောပိုးအိတ်နှင့် စာရေးကိရိယာ များအား လည်းကောင်း၊ အမက(နန်းဟူး)ကျောင်းတွင် တက်ရောက် နေသည့် ကျောင်းသား/သူ (၁၄)ဦးအတွက် မုန့်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ကယားပြည်နယ် ရင်ခွင့်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်မော်နှင့် အဖွဲ့သည် အမက(မယ်ဆည် နမ်) ကျောင်းရှိ ကျောင်းသား/သူ (၃၄)ဦး တို့အတွက် မုန့်၊ ကျောပိုးအိတ်နှင့် စာရေးကိရိယာများအား လည်းကောင်း၊ အမက(နန့်ပိန်းလင်)ကျောင်းမှ ကျောင်း သား/သူ (၄၃) ဦးအတွက် ထီးနှင့် ကျောင်းသုံး စာရေး ကိရိယာများအားလည်းကောင်း၊ မူလွန် (ကျောက်စု) စာသင်ကျောင်းတွင် တက်ရောက်လျက်ရှိသော ကျောင်း သား/သူ(၂၂၂)ဦးတို့အတွက် မုန့်၊ ကျောပိုးအိတ်နှင့် စာရေး ကိရိယာများအားလည်းကောင်း ပေးအပ်လှူဒါန်း ခဲ့ပြီး အခြေခံပညာကျောင်း (၉)ကျောင်းနှင့် ကျောင်း သား/သူ စုစုပေါင်း(၅၀၇)ဦးတို့အား ထောက်ပံ့နိုင်ခဲ့ ပါသည်။