နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် အထက (မယ်စဲ့)နှင့် မူကြိုကျောင်းတို့တွင် အာဟာရနှင့် ကျောင်း သုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

19-6-2019-2 1

19-6-2019-2 2

19-6-2019-2 3

(၂၀၁၉ ဇွန် ၁၉)

ကယားပြည်နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည့်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မယ်စဲ့မြို့ ပေါ်ရှိ အထက(မယ်စဲ့)နှင့် မူကြိုကျောင်းသို့ အာဟာရနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား အား (၁၉-၆-၂၀၁၉)ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

ရှေးဦးစွာ ကယားပြည်နယ် ရင်ခွင့်မဲ့ကလေးများ လျှော့ချ ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြင့် မြင့်မော်နှင့်အဖွဲ့သည် (ဝ၈၃၀)နာရီအချိန်တွင် မယ်စဲ့မြို့ရှိ Future Star မူကြိုကျောင်းတွင် တက်ရောက်လျက်ရှိ သော ကလေးငယ်(၃၀)ဦးအတွက် မုန့်နှင့် ကျောင်းသုံး ပစ္စည်းများဖြစ်သည့် အင်္ကျီ၊ ကွန်ပါဘူးများ ထောက်ပံ့ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး (ဝ၉၁၀)နာရီအချိန်တွင် မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော ကျောင်းသား/သူ စုစုပေါင်း (၂၉၄)ဦးအတွက် အာဟာရအဖြစ် ဆန်ပြုတ်ကျွေး မွေးခြင်း၊ မူလတန်း ကျောင်းသား/သူ (၈၂)ဦးအတွက် ထီး၊ ကျောင်းဝတ်စုံ၊ စာအုပ်နှင့် စာရေးကိရိယာများ အသီးသီးပေးအပ် လှူဒါန်း ခဲ့ပါသည်။