နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲ မယ်စဲ့မြို့တွင် ပြုလုပ်

19-6-2019-1 1

6

19-6-2019-1 2

( ၂၀၁၉ ဇွန် ၁၉ )

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သစ်ပင် စိုက်ပျိုးပွဲတော်အား (၁၉-၆-၂၀၁၉) ရက်နေ့ (ဝ၇၃၀) နာရီအချိန် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ရင်ကွဲတောင် ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်မော် (ကယားပြည်နယ် ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း ဥက္ကဋ္ဌ)၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး ဒေါ်ဖြူဖြူစိန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွိုင်ကော် ခရိုင်နှင့် ဘောလခဲခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ နိုင်ငေံ

ရေး ပါတီများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဒေသခံပြည်သူများ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ်အရ ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်မော်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ပျိုးပင်များပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများနှင့်အတူ ကျွန်းပျိုးပင် (၁၀ဝ)ပင်နှင့် ပိတောက်ပျိုးပင် (၁၀ဝ) ပင်၊ စုစုပေါင်း ပျိုးပင် (၂၀ဝ) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စုပေါင်း အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်း အနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။