HIV ပိုးကူးစက်ခံနေရသည့် မိဘမဲ့ကလေးငယ်များ အတွက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်

13.6.2019 1

13.6.2019 2

13.6.2019 3

( ၂၀၁၉ ဇွန် ၁၃ )
လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ မေတ္တာဖြိုးဝေ HIV ဆိုင်ရာလူမှုကူညီရေးအဖွဲ့မှ ပြည်နယ်အတွင်းရှိ မိဘနှစ်ပါးစလုံး မရှိသည့် HIV ပိုး ကူးစက်ခံနေရသည့် ကလေးငယ်များကို လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်အပေါ် ကယား ပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါကလေးငယ်များ အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအား (၁၃-၆-၂၀၁၉) ရက်နေ့ (၁၀၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အအတွင်းရေးမှူး၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများမှ တက်ရောက် ခဲ့ပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြား ရာတွင် မေတ္တာဖြိုးဝေဂေဟာရှိ တာဝန်ရှိသူများနှင့် သားငယ် ၊သမီးငယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ မိမိတို့အနေနှင့် ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လိုပြီး အားပေးစကားပြောကြားလို၍ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စိတ်ပျက်အားမငယ်ဘဲ မိမိတို့ဘဝကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ကြရန် ဖြစ်ပြီး လူတော်လူကောင်းများဖြစ်အောင် ကြိုးပမ်းနိုင်ကြပါစေကြောင်းဖြင့် အားပေးစကား ပြောကြား ခဲ့ပါသည်။
ထို့နောက် မေတ္တာဖြိုးဝေ ဂေဟာမှ တာဝန်ရှိသူတစ်ဦးမှ တင်ပြရာတွင် ဂေဟာအား ၂၀ဝ၇ ခုနှစ်မှစတင်၍ ဖွင့်လှစ် ခဲ့ပြီး လူကြီးများအတွက် ဦးစွာရည်ရွယ်၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း၊ လိုအပ်သည့်ဆေးဝါးများ ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဆန်၊ ဆီစသည့် လိုအပ်ချက်များကို ပံ့ပိုးနိုင်ခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် ဆက်လက်ပံ့ပိုးနိုင်ခဲ့ ခြင်းမရှိ ကြောင်း၊ ယခုလက်ရှိကလေးငယ်များအား ဆေးရုံတွင် တွေ့ရှိခဲ့ပြီး ကလေးငယ်များအနေဖြင့် ကျန်းမာရေး အတွက် အခက်အခဲရှိပြီး မိဘမရှိသဖြင့် လိုအပ်သည့် အကူအညီရရှိရန် များစွာခက်ခဲနေကြောင်း၊ သို့ဖြစ်၍ မိမိတို့ စင်တာသို့ခေါ်ယူထားရှိ ခဲ့ပြီး ကူညီစောင့်ရှောက် ပေးနိုင်ခဲ့ကြောင်း၊ ကလေးငယ်များမှာ အခြေခံပညာ အတန်းစုံတွင် တက်ရောက်နေပြီး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင်ရွက်ပေး လျက်ရှိ ကြောင်း၊ ကလေးငယ်များအတွက် ကောင်းမွန် သည့် အထောက်အပံ့များဖြစ်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ကလေးငယ်များအနေနှင့် ပညာသင်ကြားရေး တွင် သင်ယူမှုအားနည်းလျက် ရှိကြောင်း၊ အာဟာရ ပြည့်ဝစွာရရှိလိုပြီး အာဟာရပြည့်ဝသည့် အစားအစာ များ နှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အထောက်အပံ့များနှင့် အခြားသော အလှူရှင်များထပ်မံ ရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြပါသည်။
ဆက်လက်ပြီး မေတ္တာဖြိုးဝေ ဂေဟာမှ ကျောင်းသူ တစ်ဦးမှ ယခုလိုလာရောက်အားပေး ကူညီသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ကျောင်းသားတစ်ဦးမှ စက်ဘီးတစ်စီး ရရှိလိုကြောင်း၊ ဂေဟာပြင်ပနေ ရောဂါပိုး ကူးစက်ခံနေရသည့် ကလေးငယ်၏ မိဘတစ်ဦးမှ ကလေးငယ်များအနေနှင့် အဓိကအားဖြင့် အာဟာရ ပြည့်ဝ ရန်လိုအပ်ပြီး အာဟာရပြည့်ဝစွာရရှိရေး ထောက်ပံ့ပေးစေလိုကြောင်း တင်ပြကြပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ကလေးငယ်များ အတွက် ပညာသင်စရိတ်နှင့် အာဟာရပြည့်ဝစွာ ရရှိရေး အတွက် ထောက်ပံ့ငွေကျပ် သိန်း(၃၀)၊ ကလေးစီး စက်ဘီး(၁)စီး၊ အားကစားပစ္စည်းများနှင့် ဂေဟာပြင်ပနေ ရောဂါပိုးကူးစက်ခံနေရသည့် ကလေးငယ်တစ်ဦးအတွက် စက်ဘီး(၁)စီးအားလည်းကောင်း၊ ဒေါက်တာသောင်း လင်း နှင့် ဆရာဝန်များအဖွဲ့မှ ငွေကျပ်(၂.၅)သိန်း အား လည်းကောင်း အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ပြီး၊ ပညာရေးနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများအနေနှင့် ကလေးငယ်များအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး အလှူရှင်များနှင့် ချိတ်ဆက် ဆောင်ရွက် ပေးကြရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပြီး ကလေးငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် ခဲ့ပါသည်။
ထို့နောက် ဂေဟာမှကျောင်းသားတစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်း အနား အောင်မြင် စွာပြီး မြောက်ခဲ့ပါသည်။

Giving stipend for education to orphan children infiected by HIV

============================================

On June 16, at (10:30) am, the kayah state government held the ceremony of giving stipend for education to children who are infected by HIV. They are being cared for without being differentrated their race, religion and gender by community helpers at (NYCBL) in, Loikaw.