ပန်ပက်ကျေးရွာရှိ ကယန်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဖော်ဆောင်ပေးနိုင်မည့် Community Centre ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

12.6.2019 1

12.6.2019 2

12.6.2019 3

( ၂၀၁၉ ဇွန် ၁၂ )
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာ သည် ကယားပြည်နယ်ရှိ ကယန်းတိုင်းရင်းသားများ အတွက် ရိုးရာယဉ်ကျေးမှုများ ပြသနိုသည့် အထင်ကရ နေရာ တစ်ခုအဖြစ်ရပ်တည်လျက်ရှိရာ ပန်ပက်ကျေးရွာရှိ ကယန်းတိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှုအား ထိန်းသိမ်းမြှင့်တင်ရန်နှင့် ခရီးသွားဗဟိုဌာနကြီးအဖြစ် သွားရောက်လေ့လာကြည့်ရှုနိုင်မည့် ရည်ရွယ်ချက်များ ဖြင့် Community Centre ဆောက်လုပ်နိုင်ရေး လှူဒါန်း ဆောင်ရွက်မည့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင် များ အသင်းချုပ်နှင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ ချုပ် မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအား (၁၂.၆.၂၀၁၉) ရက်နေ့ (၁၃၀ဝ) နာရီအချိန်တွင် ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါ အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ လုံခြုံရေနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ် ဥပဒေ ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ချုပ်မှ တာဝန်ရှိသူများ စုံလင်စွာ တက်ရောက်ခဲ့ပါသည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှိုမှ အဖွင့်အမှာစကားပြောကြားရာတွင် ဒီးမော့ဆို မြို့နယ်၊ ပန်ပက်ကျေးရွာတွင် ပန်ပက်ကျေးရွာ သည် ကယားပြည်နယ်၏ အထင်ကရနေရာဖြစ်သည့် အတွက် ဖွံ့ဖြိုးတိုးတက်စေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် လာသည် နှင့်အမျှ ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာ မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး၊ ဌာနဆိုင်ရာများ၊ လွွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံများ၊ လုပ်ငန်းများ စနစ်တကျ ပေါင်းစပ်ပြီး စီမံဆောင်ရွက်ပေးစေ လိုကြောင်း၊ ကယန်းတိုင်းရင်းသားတွေရဲ့ စာပေနှင့် ရိုးရာ ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့် ရှောက်ပေးသွားမည် ဖြစ်ကြောင်း၊ အကောင်အဖော်ဆောင်ရွက်မည်ဆိုပါက ကော်မတီ စနစ်တကျဖွဲ့စည်းပြီး ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ အကောင် အထည်ဖော်ဆောင်ရွက်ရန် လျာထားမြေနေရာနှင့် ပတ်သက်ပြီး မြေရာဇဝင် ရှင်းလင်းတင်ပြခြင်း၊ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဌ ဦးရှိန်ဝင်းမှ ဆောက်လုပ်မည့် အစီအမံများအား ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ အစည်းအဝေး သို့ တက်ရောက်သူများ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တင်ပြချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာ၊ အစီအမံများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနတာဝန်ရှိသူများမှ ပြန်လည်ကွင်းဆင်းဆောင်ရွက်ရန်၊ ကွင်းဆင်း ဆောင်ရွက် ရာ တွင်လည်း ဆောင်ရွက်မည့် အစီအမံအား ချပြရှင်း လင်းပြီး ဒေသခံပြည်သူ တစ်ဦးမကျန် သဘောထားရယူ တင်ပြရန်၊ ယခုလို Community Centre ဖော်ဆောင် ပေးနိုင်ပါက ပန်ပက်ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပါက အခြား တိုင်းပြည်များတွင် သွားရောက်အလုပ်လုပ်ကိုင်သည် ဌာနေတိုင်းရင်းသားများအနေနဲ့လည်း မိမိဒေသသို့ ပြန်လည်ရောက်ရှိလာမည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ကြောင်း လမ်းညွန်မှာကြားခဲ့ပါသည်။

Holding the negotiating metting for carrying out the Community Centre that will incarnate the culture of kayan who are in Pan Pat village

===============================================

(June 12, 2019)

        Pan Pat village located in Dee Mow Soe township , kayah state is the regional identity of kayan the can show the tradition and culture . For the purpose of kayan’s cultural conservation and the nerve – center for travelling, thi businessmen, the importer of construction and the people who may concern from Myanmar travel agency, will donate the Community Centre construction, met in the conference room of kayah state government office at 1:00 pm in June 12, 2019.