နေရပ်ပြန် Placement Test အောင်မြင်သည့် ကျောင်း သား/သူများအား ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ

11.6.2019-2 1

11.6.2019-2 2

11.6.2019-2 3

( ၂၀၁၉ ဇွန် ၁၁ )
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ကရင်နီစခန်း(၁)နှင့် (၂)မှ နေရပ်ပြန်မိသားစုဝင်များမှ အခြေခံပညာ တက် ရောက် လျက်ရှိသည့် ကျောင်းသား/ကျောင်းသူများ အား မြန်မာနိုင်ငံတွင် ပြန်လည် တက်ရောက်ပညာသင်ခွင့် ရရှိရေး အတွက် Placement Test စစ်ဆေးခဲ့ပြီး အောင်မြင် သည့် ကျောင်းသား/သူများနှင့် ပြည်နယ် ဝန်ကြီးချုပ် တွေ့ဆုံပွဲ အခမ်းအနားအား (၁၁-၆-၂၀၁၉) ရက်နေ့ (၁၄၀ဝ) နာရီ အချိန် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံး၊ ပညာ့ဗိမာန် ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံ ဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ Save The Children မှ တာဝန်ရှိသူများ၊ Placement Test အောင်မြင်သည့် ကျောင်းသား/သူများနှင့် မိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြား ရာ တွင် ယနေ့ တွေ့ဆုံပွဲအခမ်းအနားသို့ ကြွရောက်ချီးမြှင့် ပေးကြသည့် အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် Save the Children မှ တာဝန်ရှိသူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာကြပါ စေကြောင်း၊ အားငယ်သူကို အားပေး နိုင်ရေး ပံ့ပိုးနိုင်ရန်အတွက် ကျင်းပခြင်းဖြစ်ပြီး ဆောင်ရွက်ပေးသည့် တာဝန်ရှိသူများကို အထူးကျေးဇူး တင်ပါကြောင်း၊ ယခုလို လုပ်ငန်းကိစ္စရပ်များအား အစိုးရ တစ်ရပ်တည်းနှင့် ဆောင်ရွက်၍ မရဘဲ၊ အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်းများ၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှ သာလျှင် အောင်မြင်မည်ဖြစ်ကြောင်း၊ ယနေ့ Place ment Test အောင်မြင်သည့် ကျောင်းသား/သူ (၂၈)ဦး ရှိပြီး မိမိတို့ပြည်နယ်တွင် ရာနှုန်းပြည့် နီးပါး အောင်မြင်မှု ရရှိသည်ကို တွေ့ရပါကြောင်း၊ ယခုလို နေရပ်ပြန်လာ နိုင်ရေး အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဦးစီး ဦးဆောင်ပြု၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ နှင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့သည့် အခြေအနေ များအပေါ် ကျေးဇူးအထူးတင်ပါကြောင်း၊ နောင်များတွင် လည်း ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်စေလို ကြောင်း၊ နေရပ်ပြန်သူများအတွက် ကဏ္ဍစုံမှ ပံ့ပိုး ပေးရန် ရှိသည်များကို ပံ့ပိုးပေးလျက်ရှိပြီး အိမ်ရာလိုအပ်သူ များ ကို အိမ်ရာ ရရှိအောင် ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊ ထပ်မံဝင်ရောက်လာမည့် နေရပ်ပြန်သူများအတွက် ကြိုတင် ပြင်ဆင်ရန် ရှိသည်များကို ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းကိုလည်း အားလုံးကိုသိရှိစေလိုပါကြောင်း၊ မြို့နယ်အသီးသီးမှ နေရပ်ပြန် ကျောင်းသား/သူ(၂၈)ဦး ၏ ပညာရေးကဏ္ဍတိုးတက်ရေး လိုအပ်သည်များ ပံ့ပိုး ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ အခြားသော သူများ အတွက်ကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့ အနေနှင့် မိခင်နိုင်ငံနှင့်ကင်းကွာနေခဲ့သည့်အတွက် ပိုမို အလေးပေး ဆောင်ရွက်စေလိုခြင်းဖြစ်ပါကြောင်း၊ ယခု တက်ရောက်လာသည့် နေရပ် ပြန်မိသားစုများနှင့် ကျောင်းသား/သူများအားလုံးအနေဖြင့် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို အောင်မြင်စွာဖြေရှင်း ကျော်လွှား နိုင်ကြပါစေကြောင်းဖြင့် အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။
ထို့နောက် အစီအစဉ်အရ တင်ပြရန်ရှိသည်များ တင်ပြ စေခဲ့ရာ အထက(ရှားတော)ကျောင်းအုပ်ကြီးမှ မိမိ ကျောင်း တွင် Placement Test ဖြေဆိုပြီးသည့် ကျောင်းသား/သူများရှိပြီး ယခုပညာသင်နှစ်အတွက် ကျောင်းသား(၁)ဦး ထပ်မံရောက်ရှိလာ၍ Placement Test ဖြေဆိုရန် လိုအပ်လျက်ရှိပါကြောင်း၊ ယမန်နှစ် Placement Test အောင်မြင်သူ (၅)ဦးအနက် (၁)ဦးမှာ ပြန်လည်ထွက်ခွာသွားသည့်အပေါ် ဆောင်ရွက်ပေးစေလို ကြောင်း၊ UNHCR မှ တာဝန်ရှိသူ တစ်ဦးမှ ကျောင်းစာ သင်ချိန်ကာလ ကျော်လွန်သည့် လများမှ ဝင်ရောက် လာသူများ အတွက် မည်သို့ဖြေလျှော့ဆောင်ရွက် ပေး မည်ကို သိရှိလိုကြောင်း၊ ချိတ်ဆက်ဆောင်ရွက်ရမည့် Channel တစ်ခု ရရှိလိုပါကြောင်းတင်ပြပြီး နေရပ်ပြန် ကလေး ငယ်များအနက် အသက်(၁၀)နှစ်ပြည့်သူ (၈)ဦး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ နေရပ်ပြန်မိသားစုများအနေနှင့် ပြန်လည်ရောက်ရှိလာစဉ် အခက်အခဲများ၊ စိန်ခေါ်မှုများ ကို တွေ့ကြုံရင်ဆိုင်ရပြီး မိသားစုပြဿနာများ ဖြစ်ပေါ်ပြီး နွေးထွေးစွာ ကြိုဆိုမှုမရှိသည့် အခြေအနေများ ကြုံတွေ့ ရ ကြောင်း၊ ကိုယ်ပိုင်အိမ်ရာမရှိသဖြင့် အိမ်ရာရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ နေရပ်ပြန်သူများအတွက် အားပေးနှစ်သိမ့်ပေးနိုင်သည့် ပညာရှင်များ၊ အသိပညာ ရှင် များဖြင့် နှစ်သိမ့်ဆွေးနွေးမှု များ ဆောင်ရွက်ပေး စေလိုပြီး အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ INGO NGO များ၏ နည်းပညာများ ဖြင့်ပေါင်းစပ်၍ ဆောင်ရွက် မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ Save The Children မှ တာဝန်ရှိသူတစ်ဦးက ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အစီအမံများဖြင့် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ပေးရန်ဖြစ်ကြောင်းဖြင့် အသီးသီး တင်ပြခဲ့ကြ ပါသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ကဏ္ဍအလိုက် ဖော်ဆောင်ပေးနိုင်မည့် အခြေ အနေများ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသွားမည့် အခြေ အနေများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
ထို့နောက် အထက(ခွဲ)ထေးငှားလျား ကျောင်းဝန်း ခြံစည်း ရိုး ကာရံနိုင်ရေးအတွက် ငွေကျပ်သိန်း(၃၀)၊ နေရပ်ပြန် Placement Test အောင်မြင်သည့် ကျောင်းသား/သူ (၂၈)ဦး အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀ဝ၀ဝ) နှုန်းဖြင့် ကျပ်(၂၈)သိန်းထောက်ပံ့ခဲ့ပြီး Save the Children အဖွဲ့မှ နေရပ်ပြန် ကျောင်းသား/ကျောင်း သူများအတွက် ကျောင်းသုံး စာရေးကိရိယာ များနှင့် တက်ရောက်ပညာ သင်ကြားမည့် ကျောင်းများအတွက် အားကစား ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နေရပ်ပြန် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အားပေး အမှာစကားပြန်လည်ပြောကြားခဲ့ပြီး နေရပ်ပြန် ကျောင်း သား/သူများနှင့်အတူ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူး၍ တွေ့ဆုံပွဲ အခမ်းအနား အောင်မြင်စွာပြီး မြောက် ခဲ့ပါသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ကရင်နီစခန်း(၁)နှင့် (၂)မှ နေရပ်ပြန် ကျောင်းသား/သူ(၂၈)ဦးမှာ လွိုင်ကော် မြို့နယ်တွင် (၇)ဦး၊ ဒီးမော့ဆိုမြို့နယ်တွင် (၁၃)ဦး၊ ဖရူဆိုမြို့နယ်တွင်(၃)ဦး၊ ရှားတောမြို့နယ်တွင် (၅)ဦး ဖြစ်ပြီး ဒုတိယတန်းမှ နဝမတန်းအထိ အတန်းပညာ အသီးသီးတွင် တက်ရောက်ပညာသင်ကြားလျက် ရှိကြောင်း သိရှိရပါသည်။