သတင်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၉) ပြုလုပ်

11.6.2019-1 1

11.6.2019-1 2

11.6.2019-1 3

( ၂၀၁၉ ဇွန် ၁၁ )
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုး ရေးကိစ္စရပ်များအား အထူးအလေးထား ဆောင်ရွက် လျက် ရှိရာ သတင်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉)အား (၁၁-၆-၂၀၁၉)ရက်နေ့ (၁၀ဝ၀)နာရီ အချိန် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် စီမံအုပ်ချုပ်မှုအခန်းကဏ္ဍနှင့်ပတ်သက်၍ အနည်း ငယ်ပြောလို ပြီး စီမံအုပ်ချုပ်ရာတွင် ပြည်နယ်တွင်း တရား ဥပဒေစိုးမိုးရေး၊ တည်ငြိမ်းအေးချမ်း သာယာရေး ဖော်ဆောင်ရာတွင် တက်ရောက်လာသူများအနေနှင့် ပြည်နယ် ၏ အကြီးအကဲများ ဖြစ်၍ လာအောက် ငယ်သား များကို စီမံအုပ်ချုပ်ရာတွင် စနစ်တကျဖြစ်ရန် လိုပြီး မိမိအနေနှင့်လည်း အပြုသဘောဖြင့် တင်ပြမှုကို လိုလားကြောင်း၊ ဆောင်ရွက်ချက်များ အပေါ် အားလုံးက သုံးသပ်နေမှုများရှိပါကြောင်း၊ ဌာနအကြီးအကဲများ၏ စွမ်းဆောင်မှုများ အနေနှင့် အောင်မြင်မှု၊ ကျရှုံးမှုများ ရှိနေမည်ဖြစ်ပြီး ဖြစ်တတ်သည့်သဘောကို နားလည်ရန် လိုကြောင်း၊ လက်ရှိ သတင်းညှိနှိုင်းအစည်း အဝေးဖြစ် သည်နှင့်အညီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တိုးတက်ဖွံ့ဖြိုးအောင်၊ ကုန်သွယ်ရေးလမ်းကြောင်း ပွင့်လာပြီး သွင်းကုန်၊ ထုတ်ကုန်များ သွယ်ယူ ဆောင်ရွက် နိုင်အောင် ကြိုးပမ်းရာတွင် အောက်ခြေ မြေပြင် အခြေ အနေ၏ အရှိတရားကို သုံးသပ်၍ ဖော်ဆောင်ကြရ မည် ဖြစ်ကြောင်း၊ ယင်းအချက်ကို ဖော်ဆောင်စေလိုကြောင်း၊ နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းတွင် ငွေကြေး ကောက်ခံမှုများကို မပြုလုပ်စေလိုကြောင်း၊ အခက်အခဲ ရှိပါက တင်ပြပေးရန်ဖြစ်ပြီး အစိုးရအနေနှင့် ပံ့ပိုးပေးနိုင် သည်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး လမ်း ကြောင်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအား ထိန်းသိမ်းကြရန်လိုကြောင်း၊ ပြည်နယ် အဆင့်တာဝန် ရှိသူများက ယင်းသို့ ပြုလုပ်ဆောင်ရွက်နေမှုများကို ထိန်းသိမ်းကြပ်မတ်ကြရမည်ဖြစ် ပြီး ပြည်သူများကြား တွင် ပြောဆိုနေမှုများဖြစ်ပေါ်နေသည်ကို အလေး ဂရုပြု ရမည်ဖြစ်ကြောင်း၊ စစ်ဆေးရေးဂိတ်များတွင် အလားတူ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်နေသည်ကို ကြားသိ နေရကြောင်း၊ အောက်ခြေအဆင့်ဆင့် တွင် ငွေကြေး တောင်းခံမှုများကို ဆောင်ရွက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံ သူများအနေနှင့် နိုင်ငံတော်၏ အခွန်များအပြင် ယခုကဲ့သို့ ငွေကြေးတောင်းရမ်းမှုများကို ပေးနေရမှုသည်မှာလည်း မဖြစ်သင့်သည့် အခြေအနေဖြစ်ပါကြောင်း၊ ယင်းအခြေ အနေကို ကြပ်မတ်ရမည်ဖြစ်ပြီး၊ ယခုအစည်းအဝေး တွင် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အနေနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍကို အဓိက ဖော်ဆောင် မည် ဖြစ်ရာ အောင်မြင်အောင် ဖော်ဆောင်နိုင်ရေးအတွက် ယခုဖြစ်ပေါ်နေသည့် အခြေအနေ များက အဟန့်အတား ကြီးစွာဖြစ်နိုင်ပါကြောင်း၊ ပြန်လည်ထိန်းကြောင်း ဆောင်ရွက်ကြရန်လိုပြီး ပြည်နယ် ဖွံ့ဖြိုးမှုမှတဆင့် နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ Border Check Point ဖော်ဆောင်နိုင်ရေးအတွက် အနှောက် အယှက် ဖြစ်ကြောင်း၊ ထိထိရောက်ရောက် အရေးယူဆောင်ရွက် ရန်လိုက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ စေတနာ၊ မေတ္တာများဖြင့် ဆောင်ရွက်မှုအရသာ ခံစားသင့် ပါကြောင်း၊ သို့ဖြစ်၍ အဆင့်ဆင့် ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးကဏ္ဍနှင့်ပတ်သက်၍ လျော့နည်း ပပျောက်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး မိမိတို့ လက်အောက် ဝန်ထမ်းများ၏ မလျော်စွာ လုပ်ဆောင်နေ မှုများကိုလည်း ထိန်းသိမ်းကြရမည် ဖြစ်ကြောင်း၊ ပြည်သူ လူထုကြားတွင် ကျယ်ပြန့်စွာသိရှိနေမည်ဖြစ်ကြောင်း၊ အစိုးရ၊ ဌာနနှင့် ပြည်သူ ကြား ယုံကြည်မှုတည်ဆောက် ရာ တွင် ယင်းအချက်သည် နှာခေါင်းရှုံ့စရာဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မလျော်ကန်စွာ မပြုလုပ် စေလိုကြောင်း၊ ပြည်သူများအကြား ထဲထဲဝင်ဝင် သွား ရောက်သတင်းရယူမည်ဆိုပါက ရှင်းလင်းစွာသိရှိနိုင် ကြောင်း၊ မိမိအနေနှင့် ထိန်းကျောင်း ကြပ်မတ် ရန် အတွက် သာ တိုက်တွန်းနိုင်ပြီး ဌာနအကြီးအကဲများ ကိုယ်တိုင်က အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခုအစည်းအဝေးတွင် တင်ပြရန် ရှိသည်များကို ရှင်းလင်းတင်ပြပေးရန်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။
ထို့နောက် သစ်တောဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာပြည်နယ်ဦးစီးမှူးရုံး၊ သတ္တုတွင်း ဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အမှတ်(၂၀) မူးယစ်တပ်ဖွဲ့ စုတို့မှ Led Board တွင် ဌာနအလိုက် ထည့်သွင်းဖော်ပြ မည့် စကားပြောနှင့် စာသားများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်း တင်ပြကြပါသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ဌာနအကြီးအကဲ များ က မိမိတို့ဌာနအလိုက် စီမံဆောင်ရွက်မည့် အခြေ အနေများအား ဌာနတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြ ကြပြီး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး (၁၂၅၅) နာရီအချိန် အစည်း အဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါ သည်။