၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်း အမှတ် အခမ်းအနား တက်ရောက်

11.6.2019 1

11.6.2019 2

11.6.2019 3

( ၂၀၁၉ ဇွန် ၁၁ )
၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ Focus အနေဖြင့် “Tobacco and Lung Health”ဖြစ်ပြီး ယခု နှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ ဆောင်ပုဒ်အနေဖြင့် “Don’t Let Tobacco Take Youth Breath Away” ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအား (၁၁-၆-၂၀၁၉)ရက်နေ့ (ဝ၉၀ဝ)နာရီအချိန် လွိုင်ကော်မြို့၊ Famous Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ကယား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အုပ် ချုပ်ရေးမှူး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာ တွင် ယနေ့အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ပေးသည့် အကြီးအကဲ များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ မေလ(၃၁)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်း အမှတ်နေ့ အခမ်းအနားအား အကြောင်းအမျိုး မျိုး ကြောင့် ယနေ့အချိန်မှသာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ရည်ရွယ်ချက်မှာ ဆေးလိပ်သောက်သုံးမှု လျော့နည်းပပျောက်ရန်၊ ဆေးရွက်ကြီးသုံးစွဲမှု လျော့ နည်းရန်အတွက်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူ လူထု အသိုက်အဝန်း ကြားတွင် ကျန်းမာရေးအသိရှိသော ခံယူချက်များဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ အစိုးရနှင့် ဌာနများ၏ အားနှင့်ပင် မလုံ လောက်ဘဲ အဖွဲ့အစည်းများ၏ အားသည်လည်း အင်မ တန်လိုအပ်ပါကြောင်း၊ ယင်းသို့ ပူးပေါင်းပါဝင် ဆောင် ရွက်မှုများကြောင့် ယနေ့အခမ်းအနားကို ကျင်းပနိုင်ခဲ့ ခြင်း ဖြစ်ကြောင်း၊ ဆေးလိပ်သောက်သုံးမှု လျော့နည်း ရေး၊ ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းရေးကို လုပ်ဆောင် နေခြင်းဖြစ်ပြီး စာသင်ကျောင်းရှိ ကျောင်းသား လူငယ် များ အရွယ်မှတဆင့် ဆေးလိပ်သောက် သုံးမှုကို စတင်ခဲ့ ကြခြင်းဖြစ်ရာ ပညာပေးလုပ်ငန်းများကို စာသင်ကျောင်း များ တွင် အထူးအလေးထားပြု လုပ်မည်ဆိုပါက အတိုင်း အတာတစ်ခုအထိ အောင်မြင်မှုရရှိနိုင်မည်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည့် အအခြေအနေများကို တင်ပြမည်ဆိုပါက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်း ရေးအတွက် ကြိုးပမ်းဆောင် ရွက်ရာတွင် မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေနှင့် လိုအပ်သည့် ကဏ္ဍများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားပါသည်။
ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ နှင့် စပ်လျဉ်းသည့် အကြောင်းအရာ၊ အချက်အလက်များ အား ရှင်းလင်းပြောကြားခဲ့ပြီး ဆေးလိပ်၊ ဆေးရွက်ကြီး နှင့် ပတ်သက်သည့် ကျန်းမာရေးမှတ်တမ်းဗီဒီယိုအား ပြသ ခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ ပါသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည့် ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေး နေ့ အထိမ်းအမှတ် အဖြစ် ခင်းကျင်းပြသထားသည့် လက်ကမ်းပိုစတာများ၊ စာဆောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။