ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကော်မတီ (၁ / ၂၀၁၉) အစည်းအဝေးကျင်းပ

10.6.2019 1

10.6.2019 2

10.6.2019 3

( ၂၀၁၉ ဇွန်လ ၁၀ )
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယားပြည်နယ် အား ခရီးသွားမြို့တော်အဖြစ် ဖော်ဆောင်နိုင်ရေး အလေး ပေးကြိုးပမ်းလျက်ရှိရာ ပြည်နယ်၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးမှုမှ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ် ဒေသအလိုက် လုံခြုံရေး၊ ခရီးသွားလုပ်ငန်း ဆောင်ရွက် သူများက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင် ရွက် ပေးနိုင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ ဥက္ကဌအဖြစ်လည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီမှူးမှ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့များပါဝင်သော ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားကော်မတီအား (၅.၆.၂၀၁၉) ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး (၁ / ၂၀၁၉) အား (၁၀.၆.၂၀၁၉) ရက်နေ့ (၁၀ဝ၀) နာရီ အချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ဒေသဆိုင်ရာ ခရီးသွား ကော်မတီ၊ ဥက္ကဌ (ပြည်နယ်ဝန်ကြီးချုပ်)၊ ဒုတိယဥက္ကဌ (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်)၊ ကော်မတီ ဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက ခရီးသွား လုပ်ငန်းအဖွဲ့များ၊ ဒေသဆိုင်ရာ ခရီးသွား ကော်မတီ အတွင်းရေးမှူး (ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး) တို့ စုံလင်စွာ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီ၊ ဥက္ကဌ (ပြည်နယ်ဝန်ကြီးချုပ် ) ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကားပြောကြားရာတွင် ဒေသဆိုင်ရာ ခရီးသွား ကော်မတီအား ဇွန်လ (၅) ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်၏ ခရီး သွားလုပ်ငန်း အောင်မြင်စေရန်နှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက် လာစေရန် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်းလုပ်ကိုင်ရာတွင် တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ဆောင်ရွက်၍ မရပါကြောင်း၊ ကော်မတီတွင် ပါဝင်သည့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ယခု (၃) နှစ်တာ ကာလ အတွင်း ခရီးသွားလုပ်ငန်းကို တစိုက်မတ်မတ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလို ကြိုးစားရာတွင် အားနည်းချက်၊ အားသာချက်ပေါင်း များစွာ ကြုံတွေ့ရပါကြောင်း၊ အားနည်းချက်များအား ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းဝန်းရံပေးစေလိုကြောင်း၊ ကော်မတီ အဖွဲ့ဝင်များတွင် ထည့်သွင်းထားသည့် ဌာန ဆိုင်ရာများမှလည်း အားစိုက် ကြိုးပမ်းစေလို ကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငနး်ဖော်ဆောင်ရာတွင်လည်း အခက်အခဲမျာအား အချိန်နှင့် တပြေးညီ လာရောက် တင်ပြပေးရန် လိုအပ်ကြောင်း၊ ပြည်သူလူထုရဲ့ လိုအပ် ချက်များကိုလည်း နားစွင့်ရန်နှင့် လာရောက်တင်ပြ ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ကယားပြည်နယ်ဒေသဆိုင်ရာ ခရီးသွား ကော်မတီ၊ အတွင်းရေးမှူး (ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၊ ပြည်နယ်ဦးစီးမှူး) မှ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီဝင်များမှ အသီးသီး ဆွေးနွေးခဲ့ကြပြီး ဒေသ ဆိုင်ရာ ခရီးသွားကော်မတီ အစည်းအဝေး (၁/၂၀၁၉) အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။