National Conference On Communities and Tourism 2019 လွိုင်ကော်မြို့တွင် ကျင်းပ

8.6.2019 1

8.6.2019 2

8.6.2019 3

( ၂၀၁၉ ဇွန် ၈ )
ကယားပြည်နယ်အစိုးရအဖွဲ့ အနေနှင့် အစိုးရသစ်အဖြစ် တာဝန်ယူချိန်မှစ၍ ပြည်နယ်၏ အားသာချက်ဖြစ်သော ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေး၊ စည်ပင်သာယာ ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအား ဟန်ချကက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး ပြည်နယ်အတွင်း ခရီသွားလုပ်ငန်းကဏ္ဍ မြှင့်တင် ရေး လူထုအခြေပြုခရီးသွားလုပ်ငန်း စီမံကိန်းအား ဆန်းသစ်စွန့်စားသော ခရီးသွားလာခြင်း အတွေ့အကြုံ အခွင့်လမ်းများနှင့် စိန်ခေါ်မှုများ၊ စွန့်ပစ်ပစ္စည်းနှင့် အမှိုက် စီမံခန့်ခွဲမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက် ့ခင်းနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု စသည့် အချက်များ ပါဝင်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူပြုစေနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့် ခရီးသွား လုပ်ငန်းညီလာခံ (NCCT 2019) အား ကယား ပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် (၆-၆- ၂၀၁၉) ရက်နေ့မှ (၈-၆-၂၀၁၉)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ လူထုနှင့်ခရီးသွားလုပ်ငန်းညီလာခံ ပိတ်ပွဲအခမ်း အနားသို့ ကယားပြည်နယ်အစိုးရ အဖွဲ့ ဝန်ကြီးချုပ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ စုံလင်စွာတက်ရောက် ခဲ့ပါသည်။
ဆွေးနွေးပွဲ ပထမနေ့တွင် ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်း အခြေအနေ၊ လူထုအခြေ ပြု ခရီးသွားလုပ်ငန်း စံနှုန်းများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲအုပ်ချုပ်ရေးအဖွဲ့များ၏ အခန်းကဏ္ဍ၊ မြန်မာ့တာဝန်သိ ခရီးသွားလုပ်ငန်း အခန်း ကဏ္ဍ မြှင့်တင်ရေးစကားဝိုင်း၊ လွိုင်ကော်ဒေသအား ခရီး သွားလာရန် ဒေသအဖြစ်ရှုမြင်ခြင်း စသည့် ခေါင်းစဉ် အလိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် ကယားပြည်နယ်၏ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှု ဖြစ်စဉ်များ၊ မြန်မာ့ခရီး သွား ဥပဒေအသစ်တွင်ပါဝင်လာမည့် ဥပဒေရေးရာ အခွင့်အာဏာ မူဘောင်ကန့်သတ်ချက်များနှင့် ဗဟို ထိန်းချုပ်မှု လျှော့ချခြင်းဆိုင်ရာ ကိစ္စရပ်များအား မျက်နှာ စုံညီဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် ပတ်သက် ဆက်နွှယ်သည့် လူထုအဖွဲ့အစည်းများအတွက် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၃၃၀) နာရီ အချိန် တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်း များ၊ အတွေ့အကြုံများအား သက်ဆိုင်ရာ ဒေသခံများ မှ မျက်နှာစုံညီ ဆွေးနွေးဖလှယ်ခြင်းအား ပြည်နယ်ခန်းမတွင်လည်းကောင်း၊ ဆန်းသစ်စွန့်စားသော ခရီးသွားလာခြင်း အတွေ့အကြုံများ၊ အခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများအား Famous Hotel တွင် လည်း ကောင်း၊ စွန့်ပစ်ပစ္စည်းနှင့် အမှိုက်စီမံခန့်ခွဲမှု မျက်နှာစုံညီ ဆွေးနွေးပွဲအား Gold Hotel တွင် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု မျက်နှာစုံညီဆွေးနွေးပွဲ အား ဟိုတယ်လွိုင်ကော်တွင် လည်းကောင်း ပြုလုပ်ခဲ့ ပါသည်။
ဆွေးနွေးပွဲ တတိယနေ့အား ဇွန်လ(၈)ရက်နေ့ (ဝ၉၀ဝ) နာရီအချိန်တွင် စတင်ကျင်းပခဲ့ရာ သဘာဝစွန့်ပစ် ပစ္စည်း များ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲအား ပြည်နယ်ခန်းမ တွင် လည်းကောင်း၊ ပုံပြောခြင်းအနုပညာနှင့် Digital Marketing အလုပ်ရုံဆွေးနွေးပွဲအား Famous Hotel တွင် လည်းကောင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်း များအား ထောက်ပံ့ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲ အား Gold Hotel တွင်လည်းကောင်း၊ ကဏ္ဍစုံပါဝင်သော ခရီးစဉ်ဒေသ စီမံခန့်ခွဲမှု ဖြစ်ပေါ်လာရေး အလုပ်ရုံ ဆွေးနွေးပွဲအား ဟိုတယ်လွိုင်ကော်တွင် လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ပြီး (၁၆၀ဝ) နာရီအချိန်တွင် ပြည်နယ်ခန်းမ၌ ပြန်လည်စုစည်း၍ တွေ့ဆုံပွဲ၏ အနှစ် ချုပ်များအား မြန်မာ့ တာဝန်သိခရီးသွားလုပ်ငန်းအဖွဲ့ ဦးညွန့်ဝင်းနိုင်မှ အနှစ်ချုပ်သုံးသပ်ခြင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ်က ကျေးဇူးတင်စကားပြောကြားခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စည်သူက ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက နိဂုံးချုပ်အမှာ စကားပြော ကြား ရာတွင် ယနေ့အခမ်းအနားသို့ ကြွရောက်လာသည့် ကဏ္ဍ အသီးသီးမှ တာဝန်ရှိသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း၊ ဖွင့်ပွဲအခမ်းအနား မတက်ရောက်နိုင်ခဲ့သော်လည်း ဆွေးနွေးပွဲတက်ရောက် ဆွေးနွေးခဲ့ကြသူများ အားလုံးကို ကျေးဇူးတင် အားပေး လို၍ဖြစ်ကြောင်း၊ ယခု ပိတ်ပွဲအခမ်းအနားတွင် တင်ပြ ချက်များနှင့်ပတ်သက်၍ မျက်ဝါးထင်ထင် တွေ့မြင်ရ ကြောင်း၊ ခရီးသွားလုပ်ငန်းဖြင့် ငြိမ်းချမ်းရေးဖော်ဆောင် နိုင်သည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်း၊ မိမိတို့သာမကဘဲ အခြားပတ်သက်သည့် သူများကိုပါ ပါဝင်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အရပ်သား အစိုးရ အနေနှင့် ပူးပေါင်းဆောင်ရွက်ခွင့်၊ ညှိနှိုင်းတိုင်ပင် ခွင့်များကို ပေးထားကြောင်း၊ တစ်ဖက်ပိတ် ပြည်နယ် ဖြစ်သည့် မိမိတို့ပြည်နယ် လမ်းကြောင်း ပွင့်သွားရန် ဦးစွာဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ဖော်ဆောင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လက်မည်ဆိုပါက ငြိမ်းချမ်းရေးသည် ဒွန်တွဲပါလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၁၂ ခုနှစ် ကတည်းက ငြိမ်းချမ်းရေးကို ဖော်ဆောင်လာခဲ့ပြီး အစိုးရ တစ်ရပ်၏ တာဝန်နှင့်အညီ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်သင့် လုပ်ထိုက်သည့်အချိန်တွင် ဆောင်ရွက်ခဲ့နိုင် ခြင်းဖြစ် ကြောင်း၊ အပြည်ပြည်ဆိုင်ရာ Border Check Point ဖြစ်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အားလုံးက ဝန်းရံပေးကြရန်လိုကြောင်း၊ ဆွေးနွေးပွဲများ ကိုလည်း (၃)ရက်အတွင်း ကဏ္ဍစုံလင်စွာဖြင့် နေရာ(၄) နေရာတွင် တစ်ပြိုင်တည်း လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့မြင်ရ ကြောင်း၊ ဒေသခံများပါဝင်သည့် ခရီးသွား လုပ်ငန်းကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ (၃)နှစ် ကျော်ကာလအတွင်း ခရီးသွားလုပ်ငန်းသည် အောင်မြင်မှု အရှိဆုံးလုပ်ငန်းဖြစ်ပြီး ဆက်လက်ကြိုးပမ်း ဖော်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲ ရလဒ်များ၏ အားကိုယူကြရမည်ဖြစ်၍ မိမိအနေဖြင့် ပြည်နယ် အကျိုး အတွက် စေတနာ အရင်းခံတင်ပြရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်းရှိ ခရီးသွားလုပ် ငန်းရှင် များအနေ နှင့် အားရကျေနပ်မှုနည်းပါးနေသည်ကို တင်ပြမှုအရ သိရှိရပြီး နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများနှင့် အညီ ပိုမိုတိုးတက်ကောင်းမွန်အောင် ပူးပေါင်းဖော်ဆောင် နိုင်မည်ဖြစ်သည်ကို တင်ပြလိုကြောင်း၊ အသန့်ရှင်း ဆုံး မြို့တော်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဆိုသည်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင် စေလိုပါ ကြောင်း၊ လိုအပ်သည့် ပံ့ပိုး မှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အပြည်ပြည် ဆိုင်ရာ Border Check Point ဖြစ်လာရေး အတွက် ပြည်နယ်တွင်းရှိ လုပ်ငန်းရှင်များ၏ အားပါရန် လိုပြီး ပါဝင်လာအောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင် ရွက်ရန်လိုပြီး မြေပြင်အနေအထားတွင် ကြုံတွေ့နေသည့် အခက်အခဲများကို အပြုသဘော ဖြင့် တင်ပြရန် လိုမည် ဖြစ်ကြောင်း၊ လက်ရှိ မြေပြင်တွင် ကောက်ခံနေသည့် အကောက်အခွန်များ ပြားခြင်းသည် ခရီးသွားလုပ်ငန်းကို အားလျော့စေပါကြောင်း၊ ယင်းအချက်ကို ပြုပြင် ထိန်းသိမ်းရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အစိုးရ၏ နိုင်ငံရေး စနစ်အရ ခရီးဆုံး မရောက်သေးသည့် အခြေအနေတစ်ရပ် ကြောင့် ဖြစ်ပါကြောင်း၊ ပြည်နယ်တိုးတက်ရေး၊ နိုင်ငံ တိုးတက်ရေး အတွက် ပါဝင်ဆောင်ရွက်နေခြင်း များကို လည်း တွေ့မြင်ရပါကြောင်း၊ မိမိတို့အနေနှင့်လည်း ယင်း အခက်အခဲကို ကျော်လွှားနိုင်အောင် ကြိုးပမ်းလျက် ရှိကြောင်း၊ မမှန်မကန်သည့် ဘက်တွင် ခေါင်းငြိမ့်နေသည့် ဘက်တွင် မိမိအနေနှင့် ရပ်တည်မည်မဟုတ်ဘဲ မှန်ကန် သည့်ဘက်တွင်သာ အမြဲရပ်တည်သွားမည်ဖြစ်ပြီး စစ်မှန် သည့် ဖက်ဒရယ် ဒီမိုကရေစီဖော်ဆောင်ရေးကို ဦးတည် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ တာဝန်သိခရီးသွား အဖွဲ့မှ ပူးပေါင်းဖော်ဆောင်လိုသည့် ဆန္ဒရှိသည်ကို တွေ့မြင်ရပြီး အစိုးရအဖွဲ့ အနေနှင့် ရင်းနှီးနွေးထွေး စွာ ကြိုဆိုပါ ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် အခက်အခဲများ ရှိပါက တင်ပြစေလိုကြောင်း၊ မိမိ အနေနှင့် အလေးထား ၍ ပေါင်းစပ်ညှိနှိုင်းမှုများ ကြိုးပမ်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ယခု ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တက် ရောက်ဆွေးနွေးသူများ အားလုံးကို ကျေးဇူးတင်ရှိ ကြောင်းကို လည်း မှတ်တမ်းတင်ပြောကြားလို ပါကြောင်း၊ မိမိတို့အနေနှင့် ရင်းနှီးမြှုပ်နှံမှုများကို ယခု(၃) နှစ် ကာလ မှသာ စတင်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တာဝန်ယူသည့် ကာလမှစ၍ နယ်စပ်ကုန်သွယ် ရေး စခန်းများကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက် ချက်များကြောင့် တရားမဝင်လုပ်ငန်းများ တရားဝင် ဆောင်ရွက်နိုင်ပြီး အခွန်အကောက်များ တိုးတက်ရရှိခဲ့ ကြောင်း၊ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်သို့ နှစ်စဉ်ခရီးသွား (၃)သန်းခန့် ဝင်ရောက်လျက်ရှိရာ မိမိတို့ပြည်နယ်သို့ ရာခိုင်နှုန်း တစ်ခုခန့် ရောက်ရှိလာပါကလည်း အကျိုး အမြတ်ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ မိမိ အနေနှင့် ယခု ဆွေးနွေးပွဲ ရလဒ်များအပေါ်မူတည်၍ ပံ့ပိုးပေးရန် လိုအပ်လာပါက ပံ့ပိုးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်ဒေသခံတိုင်းရင်းသားများ၏ အကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်တွင် ထိလွယ်ရှလွယ်သည့် အခြေ အနေများရှိပြီး ယင်းအချက်များအတွက် ကူညီ ဆောင်ရွက်ပေးရန် လာရောက်ဆောင်ရွက်နေသူများ ရှိပါကြောင်း၊ အစိုးရတစ်ရပ်အနေနှင့် ပရမ်းပတာ လုပ်ဆောင်ခြင်းမရှိပါကြောင်း၊ ပြောင်းလဲနေသည့် ခေတ် ကာလနှင့် ချိန်ထိုး၍ ယနေ့အချိန်အခါတွင် အကောင်း ဆုံးဆောင်ရွက်နိုင်ကြောင်း၊ သို့ရာတွင် မဟုတ်လာလုပ် လျှင် ကြောက်ရမည်ဖြစ်ကြောင်း၊ မိမိအနေနှင့် ကျောသား ရင်သား မခွဲခြားဘဲ အပြေးညီ ဆောင်ရွက် လျက် ရှိပြီး မိမိကိုယ်တိုင်လည်း ပြင်ရန်ရှိသည်ကိုပြင်၍ စွမ်းနိုင်သမျှ ကြိုး ပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကြုံတွေ့နေရသည့် အချက်များအပေါ် လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရန် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် လူငယ် များကို ဦးဆောင်စေလိုကြောင်း၊ ဒီမိုကရေစီ ခိုင်မာသည့် တိုင်းပြည်များကဲ့သို့ ဆောင်ရွက်စေလို ကြောင်း၊ သွားသင့်သည်ကို တစ်ဆင့်ချင်းသွားရမည် ဖြစ်ကြောင်း၊ နောင်တွင် လူငယ်စင်တာဖော်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိပြီး အားပေးသင့်သည်ကဏ္ဍများကို အားပေးဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထုတ်ကုန် များနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီစွာ ထုတ်လုပ် နိုင်ရန် အတနည်းပညာ လိုအပ်ပြီး စနစ်တကျ ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ တစ်ဦးတစ်ယောက်တည်း မဆောင် ရွက် နိုင်က ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တူညီ သည့်အမြင်များဖြင့် ပေါင်းစပ်ကြရန် လိုကြောင်း၊ ယခု အောင်မြင်နေသည့်လုပ်ငန်းများအနေနှင့် ပူပေါင်း ဆောင်ရွက်မှုလုပ်ငန်းများဖြစ်ကြောင်း၊ ယင်းအားနည်း ချက်များကို ပြုပြင်ကြရန်လိုပြီး အားလုံးက ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်ပါကြောင်း၊ အထင်ကရနေရာများ၊ သမိုင်းကြောင်းနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်း၊ သင်တန်းများကို လည်း ဆောင်ရွက် စေလိုကြောင်း၊ လုပ်ဆောင်နိုင်သည့် လုပ်သင့်သည့် ကဏ္ဍ များကို ပေါင်းစပ်ပေးမည်ဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် လူထုနှင့်ခရီးသွား လုပ်ငန်းဆိုင်ရာညီလာခံအား ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြစ်ပြီး ပြည်နယ်၏ ခရီးသွားလုပ်ငန်း တိုးတက်အောင်ကြိုးပမ်း ကြစေလို ကြောင်းဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး (၁၈၀ဝ) နာရီအချိန်တွင် ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ ပါသည်။