၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်းညီလာခံ (ဒုတိယနေ့) ဆက်လက်ကျင်းပ

7.6.2019 1

7.6.2019 2

7.6.2019 3

( ၂၀၁၉ ဇွန် ၇ )
၂၀၁၉ ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်းညီလာခံ (ဒုတိယနေ့)ကို ယနေ့နံနက် ၉ နာရီက ကယားပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
အစည်းအဝေးပထမပိုင်းအစီအစဉ်အနေဖြင့် ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွဲ့ဖြိုးတိုးတက်လာမှု ဖြစ်စဉ်များ၊ မြန်မာ့ခရီးသွားဥပဒေအသစ်တွင် ပါဝင်လာမည့် ဥပဒေရေးရာအခွင့်အာဏာ မူဘောင် ကန့်သတ်ချက်များ၊ ဗဟိုထိန်းချုပ်မှုလျော့ချခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက် ဆက်နွယ်နေသည့် လူထုအဖွဲ့အစည်းများအတွက် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများ ထိန်းသိမ်းဆောင်ရွက်ခြင်းအကြောင်းအရာများ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ နေ့လည်ပိုင်းအစီအစဉ်ကို ပြည်နယ်ခန်းမ၊ Famous Hotel၊ Gold Hotel နှင့် Hotel loikaw တို့တွင် လူထုအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်းများ၊ ဆန်းသစ်စွန့်စားသော ခရီးသွားလာခြင်း အတွေ့ အကြုံများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်စီမံခန့်ခွဲမှု၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အကြောင်းအရာများ အတွေ့အကြုံများကို သက်ဆိုင်ရာဒေသခံများနှင့် ဧည့်သည်တော်တို့မှ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။