ဘောလခဲခရိုင်RSS

Add your listing here

မြို့နယ် bawlakhae-district
မြို့ ၄ ( ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့၊ ရွာသစ်မြို့)
ရပ်ကွက် 
ကျေးရွာအုပ်စု ၁၉
ကျေးရွာ ၈၄
လူဦးရေ ၄၃၈၆၄
အိမ်ထောင်စု ၈၅၄၀
မိုးရေချိန်(လက်မ)  ၂၄.၀၈
အပူချိန်(ဒီဂရီ) မြင့်(၄၃.C)-အနိမ့်(၇.C)
အသားတင်စိုက်ပျိုးမြေ(ဧက) ၂၄၃၀၆
ပလပ်မြေ(ဧက) -
ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော(ဧက) ၁၀၂၅၂၉၈
တောရိုင်း(ဧက) ၇၀၀၄၂
မြေရိုင်း(ဧက) ၂၅၇၉
စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၁၅၄၄၂၈
လေယာဉ်ကွင်း  -
တက္ကသိုလ်  -
ကောလိပ်  -

 

တည်နေရာအကျယ်အဝန်း

ဘောလခဲခရိုင်သည် ကယားပြည်နယ် တောင်ပိုင်းတွင် ရှိပြီး ၊ အကျယ်အဝန်းမှာ (၁၉၉၄.၇၇) စတုရန်းမိုင် ၊ ဧကအားဖြင့် (၁၂၇၆၆၅၃)ဧက ရှိပြီး မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၂၉မိနစ် နှင့် ၁၉ ဒီဂရီ ၂၀မိနစ်အတွင်း ၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၆မိနစ်နှင့် ၉၇ဒီဂရီ ၅၀မိနစ်အတွင်း တည်ရှိပါသည်။

နယ်နိမိတ်

အရှေ့ဘက်တွင် ထိုင်းနိုင်ငံ ၊ အနောက်ဘက်တွင် ကရင် ပြည်နယ် နှင့် ဖရူဆိုမြို့နယ် ၊ တောင်ဘက်တွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် ဖရူဆိုမြို့နယ်၊ ဒီးမော့ဆို မြို့နယ်၊ လွိုင်ကော်မြို့နယ်နှင့်ရှားတော မြို့နယ်တို့တည်ရှိပါသည်။

မြေမျက်နှာ သွင်ပြင်

ဘောလခဲခရိုင်သည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး မြေပြန့် လွင်ပြင်နည်းပါး ပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့်(၄၅၂)ပေမှ (၁၄၅၀)ပေ ထိရှိပြီး အမြင့်ဆုံးတောင်မှာ ဖားဆောင်းမြို့နယ်ရှိ နတ်တောင် ဖြစ်၍ အမြင့်ပေ(၈၆၀၇)ပေရှိပါသည်။

ရာသီဥတု

ဘောလခဲခရိုင်သည် အပူပိုင်းမုတ်သုံရာသီဥတုမျိုးရှိပြီး အမြင့်ဆုံးအပူချိန်မှာ (၄၃)ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်မှာ(၇)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ရွာသွန်းမြဲမိုးရေချိန် (၂၄.၀၈) လက်မနှင့် တစ်နှစ် ပတ်လုံး မိုးရွာသွန်းရက်မှာ (၅၅)ရက်ခန့်ရှိပါသည်။

ရေဆင်း

ဘောလခဲခရိုင်အတွင်း အဓိကချောင်းအဖြစ် ရှားတောမြို့နယ်မှ မြစ်ဖျားခံ၍ ဘောလခဲမြို့နယ်သို့ ဖြတ်သန်းစီးဆင်းသော ပွန်ချောင်း၊ ရွာသစ်မြို့နယ်ခွဲအတွင်း မယ်ပိုင်ချောင်းနှင့် သံလွင်မြစ်၊ ဖားဆောင်းမြို့နယ်တွင် ထူးချောင်းနှင့် သံလွင်မြစ်၊ မယ်စဲ့မြို့နယ်တွင် မယ်စဲ့ချောင်းများ စီးဆင်းလျှက်ရှိပြီး သဘာဝရေထွက်များ ပေါများစွာရှိပါသည်။

ဘောလခဲမြို့နယ်

၂(ဘောလခဲ၊ ရွာသစ်မြို့)

တည်နေရာအကျယ်အဝန်း ဘောလခဲမြို့နယ်သည် ကယားပြည်နယ် ဘောလခဲခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၀မိနစ်မှ ၁၉ဒီဂရီ ၁၄မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၇မိနစ်မှ ၉၇ဒီဂရီ ၅ဝမိနစ်အတွင်းတည်ရှိပါသည်။ ဘောလခဲမြို့နယ်သည် အကျယ်အဝန်း အားဖြင့် စတုရန်းမိုင်ပေါင် ...

လူဦးရေ၈၀၃၄
အိမ်ထောင်စု၁၇၅၉
ဖားဆောင်းမြို့နယ်

၁(ဖားဆောင်း)

တည်နေရာအကျယ်အဝန်း ဖားဆောင်းမြို့နယ်သည် ဘောလခဲခရိုင်တွင်ပါဝင်ပြီး မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၃၀မိနစ် မှ    ၁၉ဒီဂရီ ၁၅မိနစ် ၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၅၇မိနစ် မှ ၉၇ဒီဂရီ ၄၅မိနစ်အကြားတွင် ရှိပြီး မြို့နယ် ၏ အကျယ်အ၀န်းမှာ (၆၂၉.၄၄) စတုရန်းမိုင် က ...

လူဦးရေ၂၆၅၅၉
အိမ်ထောင်စု၄၇၇၆
မယ်စဲ့မြို့နယ်

၁(မယ်စဲ့)

တည်နေရာအကျယ်အဝန်း မယ်စဲ့မြို့နယ်သည်  ကယားပြည်နယ်၊ ဘောလခဲခရိုင်အတွင်းတွင် တည်ရှိပါသည်။မယ်စဲ့မြို့နယ်သည် မြောက်လတ္တီတွဒ် (၁၈) ဒီဂရီ (၂၉)မိနစ်နှင့် ၁၉ဒီဂရီ ၀မိနစ်အကြား အရှေ့လောင်ဂျီတွဒ် (၉၇)ဒီဂရီ (၁၉)မိနစ်နှင့် (၉၇)ဒီဂရီ (၄၆)မိနစ်အကြားတွင် တည်ရှိပါသည်။ ...

လူဦးရေ၆၈၇၂
အိမ်ထောင်စု၁၄၈၄
ရွာသစ်မြို့

၁ (ရွာသစ်မြို့)

တည်နေရာအကျယ်အဝန်း ရွာသစ်မြို့နယ်ခွဲသည် ကယားပြည်နယ်၏ အရှေ့ဘက်တွင် ရှိပြီး ဘောလခဲခရိုင်တွင် တည်ရှိပါသည်။ ရွာသစ်မြို့နယ်ခွဲသည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၄၆ မိနစ် မှ ၁၉ ဒီဂရီ ၂၀မိနစ် နှင့် အရှေ့ လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၄မိနစ်မှ ၉၇ ဒီဂရီ ၃၀မိနစ်အကြားတွင် တည်ရှိ ...

လူဦးရေ၂၃၉၉
အိမ်ထောင်စု၅၂၁