မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

16-4-2017 1

16-4-2017 2

16-4-2017 3

16-4-2017 4

လွိုင်ကော်    ဧပြီ ၁၆


ကယားပြည်နယ်၊ ၂၀၁၇ ခုနှစ်၊  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ဧပြီလ (၁၆) ရက်နေ့၊ ည ၇:ဝ၀ နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယားကန်သာယာဘေးရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ကျင်းပသည်။
ပိတ်ပွဲ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် ဇနီး၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးနှင့် ဇနီး၊ ကယားပြည်နယ် လွှတ်တော် ဒုဥက္ကဌ  ဦးတင်မြင့်နှင့် ဇနီး၊ ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီး ဦးကျော်လင်းမောင်နှင့် ဇနီး ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တို့က တက်ရောက်ပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲများတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆုရရှိကြသည့် ယိမ်းအကအဖွဲ့များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲများတွင် ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု ရှိကြသည့် ယိမ်းအကအဖွဲ့ ဝင်များက ပြန်လည် ကပြဖော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားကာ ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို ” သီချင်းဖြင့် စုပေါင်းသီဆို ကပြဖျော်ဖြေပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


ပြည်နယ်ပြန်/ဆက်