၂၀၁၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

13-4-2017 1

13-4-2017 2

13-4-2017 3

13-4-2017 4

13-4-2017 5

13-4-2017 6

လွိုင်ကော်    ဧပြီ ၁၃


ကယားပြည်နယ်၊ ၂၀၁၇ ခုနှစ်၊  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ (၁၃) ရက်နေ့၊ ညနေ(၅)နာရီအချိန်က လွိုင်ကော်မြို့၊ နောင်ယားကန်သာဘေးရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို  က မြန်မာသက္ကရာဇ် ၁၃၇၈-၁၃၇၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေး၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး ယိမ်းအကအဖွဲ့များက မန်းတောင်ရိပ်ခို သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ယိမ်းအကအဖွဲ့များအား အတာရေများ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ စိန်ညွှန့်ရီဆိုင်းအဖွဲ့မှ သင်္ကြန်အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။        ယနေ့ည(၇)နာရီအချိန်၊ ကယားပြည်နယ်၊ ၂၀၁၇ ခုနှစ်၊  မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်း အဖွဲ့ဝင်များက သင်္ကြန်အကများနှင့် ခေတ်ပေါ်တေးဂီတများဖြင့်   ဖျော်ဖြေကြမည်ဖြစ်ပြီး သင်္ကြန်ယိမ်း အကပြိုင်ပွဲအား သင်္ကြန်အကျနေ့နှင့် သင်္ကြန်အကြတ်နေ့ ညပိုင်းများတွင်  ယှဉ်ပြိုင်သွားမည်  သတင်းရရှိရသည်။


ပြည်နယ်ပြန်/ဆက်