မယ်စဲ့မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

10-4-20177

10-4-20178

10-4-20179

လွိုင်ကော်     ဧပြီ  ၁၀


ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များတို့က ဧပြီလ ၁၀ ရက်နေ့ ၊ နံနက် ၉:ဝ၀ နာရီအချိန်က မယ်စဲ့မြို့နယ်အတွင်း ရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များက  BP 13  မယ်စဲ့လမ်းပေါ်ရှိမြို့ရှောင်လမ်းဖောက်လုပ်ရန် လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက သင့်တော်သည့်မြေနေရာ အနေအထား အခြေအနေများကိုရှင်းလင်းတင်ပြကြသည်။ ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရံပုံငွေဖြင့် တည်ဆောက် နေသည့် မယ်စဲ့မြို့နယ် မိုးလုံလေလုံအားကစားရုံတည်ဆောက် ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မိုးထက်ကြယ်ကုမဏီလီမိတက်မှ တာဝန်ခံအင်ဂျင်နီယာက မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပြီးစီး မှုအခြေအနေအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ထားသည့် အရည်အသွေး စံချိန်စံညွှန်း နှင့် ကိုက်ညီစေရန် မြို့အင်္ဂါနှင့်ကိုက်ညီသည့် အားကစားရုံဖြစ်စေရေး အတွက် လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အထက (မယ်စဲ့) ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုအား သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ခံ အင်ဂျင်နီယာမှ ဝန်ထမ်းအိမ်ယာ တည်ဆောင်ပြီးစီးမှုအား ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးစေရန် ကြံခိုင်မှုရှိစေရန် လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် မယ်စဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် Box Culvert တည်ဆောက်နေမှုလုပ်ငန်းများအား လည်းကောင်း၊ မယ်စဲ့မြို့ရေပေးဝေရေးလုပ်ငန်း ရေဂါလံ (၂၈၀ဝ၀)ဆံ့ရေစုကန်နှင့် ရေဂါလံ (၁၀ဝ၀ဝ)ဆံ့ ရေစုကန် တည်ဆောက်နေမှုအား လည်းကောင်း၊ OSS ရုံးတည်ဆောက်မည့် လျာထားမြေနေရာအား ကြည့်ရှုခြင်းကိုလည်းကောင်း၊ BP 14 မယ်စဲ့လမ်းပေါ်ရှိ မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအားလည်းကောင်း၊ (၄)ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်နေမှုလုပ်ငန်းများနှင့် ကြက်ခြေနီရုံးတည်ဆောက်မည့် မြေနေရာ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


                                                                                                             ပြည်နယ်ပြန်/ဆက်