(၁၇)ကြိမ်မြောက်ကယန်းအမျိုးသားနေ့ အခမ်းအနား ဟိုစဲ့ကျေးရွာ၌ပြုလုပ်

10-4-2017 1

10-4-2017 2

10-4-2017 3

10-4-2017 4

လွိုင်ကော်    ဧပြီ ၁၀


     မယ်စဲ့မြို့နယ် ၊ ဟိုစဲ့ကျေးရွာ၌ (၁၇)ကြိမ်မြောက် ကယန်းအမျိုးသားနေအခမ်းအနားကို ဧပြီလ ၁၀ ရက်နေ့ ၊ နံနက် ၆:ဝ၀ နာရီအချိန်က ပြုလုပ်ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများ ၊ ကယန်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
    ရှေးဦးစွာ စစ်ကြောင်းများဖြင့်ချီတက်အလံတင်ခြင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကယန်းအမျိုးသားအလံအားအလေးပြုခြင်းနှင့် ကယန်းအမျိုးသားသီချင်းသီဆိုခြင်းများ ဆောင်ရွက်ကြ ပြီး စင်မြင့်ထက်တွင် သဘာပတိများနေရာယူကြသည်။ ဆက်လက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် က ကယန်းအမျိုးသားနေ့အထိမ်းအမှတ် အဖွင့်အမှာစကားပြောကြားခဲ့သည်။
    ထို့နောက် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဝင်မှ ပေးပို့လာသော မိန့်ခွန်းအား ဦးအာဗြာဟန် ကဖတ်ကြားခြင်း၊ ကယန်းလူမျိုးဆင်းသက်လာပုံနှင့် ဒုတိယအကြိမ် ကယန်းအမျိုးသားညီလာခံ၏သဘောတူညီ စာချုပ်ဖတ်ကြားခြင်းများကိုဆောင်ရွက်ကြပြီး ဟိုစဲ့ကျေးရွာဒေသခံ ခေါင်းဆောင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  
    ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီး၊ ဥပဒေချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတို့က  ဧပြီလ ၉ ရက်နေ့ ည ၇:ဝ၀ နာရီအချိန်တွင် ကယန်းအမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့် ကယန်းတေးသီချင်းသီဆိုယှဉ်ပြိုင်နေမှုများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက် ကြည့်ရှု့အားပေးပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

 

                                                                                                 ပြည်နယ်ပြန်/ဆက်