တရားမဝင်သစ်ထုတ်လုပ်မှုနှင့်တရားမဝင်သစ်သယ်ယူမှုမရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးလွိုင်ကော်မြို့၌ပြုလုပ်

7-4-20176

7-4-20177

7-4-20178

7-4-20179

လွိုင်ကော်    ဧပြီ ၇ ရက်    

     
    တရားမဝင်သစ်ထုတ်လုပ်မှုနှင့်တရားမဝင်သစ်သယ်ယူမှုမရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၇)ရက်နေ့နံနက်(၁၀:ဝ၀)နာရီအချိန်ကကယားပြည်နယ်အစိုးရရုံးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
    ရှေ့ဦးစွာ ကယားပြည်နယ်ဝန်ကြီးချူပ် ဦးအယ်လ်ဖောင်းရှို က ကယားပြည်နယ်မှာလွန်ခဲ့သော  အနှစ်(၂၀) ကျော်ကာလကတည်းက (၂) နိုင်ငံအစိုးရသဘောတူညီချက်အရထိုင်း-မြန်မာနယ်စပ်ဒေသမှာ သစ်ထုတ်ပြီး ထိုင်းနိုင်ငံသို့ ရောင်းချခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၆- ၂၀၁၇ ခုနှစ်အထိ ကယားဌာနီ ကုမ္ပဏီသို့ ကျွန်းသစ်လုံး (၂၉၅၂၆) လုံး၊ (၂၀၇၄၃.ဝ၄) တန် ထုတ်လုပ်ခွင့်ပြုခဲ့ပြီးအရှေ့သံလွင်ကုမ္ပဏီသို့ ကျွန်းခြောက်သစ်လုံး (၇၀၆၈) လုံး(၄၉၁၁.၇၇)တန် ထုတ်လုပ်ခွင့်ပြုခဲ့ကြောင်းသစ်တောဦးစီးဌာနရဲ့ စာရင်းဇယားများအရသိရှိရပါကြောင်း ၊ ယခုအစိုးရသစ်လက်ထက်မှာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာတစ်နိုင်ငံလုံး သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ပဲခူးရိုးမဒေသတစ်ခုလုံးကို (၁၀)နှစ် သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကယားပြည်နယ်အတွင်း ၂၀၁၇-၂၀၁၈ ခုနှစ်မှာ သစ်ထုတ် နှင့်ရပ်ဆိုင်းလိုက်တဲ့ အတွက် ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ တင်ပြထားတဲ့ နှစ်ဟောင်းနှစ်ချို့ကျွန်းနှင့် သစ်မာသစ်လုံးတွေဟာ တရားမဝင်သစ်များအဖြစ်သို့ ရောက်ရှိသွားပြီးသစ်ထုတ်လုပ်ခွင့်မပြုတော့တဲ့အတွက် သစ်လုံးတွေဟာ အချိန်ကာလကြာလာတာနှင့်အမျှ တောမီးလောင်ပျက်စီးနိုင်ပြီး အလဟသမဆုံးရှုံးစေရန်အတွက် ကျန်ရှိသည့် နှစ်ဟောင်းကျွန်းသစ်များကိုနည်းဥပဒေနှင့်အညီဆောင်ရွက်သွားမှာဖြစ်ပြီး ယခုတက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးကြရန်လိုအပ်ကြောင်းဖြင့် အဖွင့်အမှာစကားတွင်ပြောကြားသည်။
    ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး က ပြည်နယ်အတွင်း တရားမဝင်သစ် ထုတ်လုပ်မှု       မရှိစေရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဘောလခဲမြို့နယ်ဟာသစ်ပင်သစ်တော ပြုန်းတီးမှုရှိနေတာ ကြောင့် အပူချိန်ဒီဂရီ (၄၀)အထိ မြှင့်တက်လျက်ရှိကြောင်းအမှာစကားပြောကြားသည်။ ဆက်လက်ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးတီရယ် က လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ပြည်နယ် သစ်တောဦးစီးမှူးက ပြည်နယ်အတွင်း တရားမဝင်သစ်ထုတ်လုပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုဆွေးနွေးတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်အုပ် ချုပ်ရေးမှူးများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသား အဖွဲ့အစည်း၊ ကုမ္ပဏီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေး ခဲ့ကြသည်။
    ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြရာ မှာမိမိတို့ပြည်နယ်အစိုးရက ကုမ္ပဏီ၊ အဖွဲ့အစည်းများရဲ့ သစ်တွေ တရားဝင်ဖြစ်အောင် စီစဉ်ပေးနေတဲ့ ကာလအတွင်း သစ်များကိုတောတွင်း၌သာစုပုံထားပြီး ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးပြီးမှသာ တရားဝင်သယ်ယူခွင့်ပြုသွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် အထွေထွေဆွေးနွေးခြင်းများအားဆောင်ရွက်ခဲ့ကြရာအရှေ့သံလွင် သစ်ထုတ်လုပ်ရေးကုမ္ပဏီ၊ ကယားဌာနီသစ်ထုတ်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။


ပြည်နယ်ပြန်/ဆက်