(၂ဝ၁၇)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

7-4-2017 1

7-4-2017 2

7-4-2017 3

လွိုင်ကော်    ဧပြီ ၇


    ကယားပြည်နယ်၊ (၂ဝ၁၇)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ (၇)ရက်နေ့၊ နံနက်(၁ဝ:၃ဝ)နာရီအချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
    ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် (၂ဝ၁၇)ခုနှစ်၊ ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ “Depression; Let’s talk᾽᾽  ‘စိတ်ကျဝေဒနာ’၊ ပြောဆိုတိုင်ပင်ဆွေးနွေးပါ ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်အတိုင်း ကယားပြည်နယ်အတွင်းရှိ လူတိုင်းသည် စိတ်ကျရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကျေးရွာအခြေပြု အဆင့်အထိ ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
    ဆက်လက်ပြီး ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင်က ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

                                        လွိုင်ကော်ခရိုင်ပြန်/ဆက်