လွိုင်ကော်တက္ကသိုလ်သို့ ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၏တွေ့ဆုံမှုနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

6-4-2017 1

6-4-2017 2

6-4-2017 3

လွိုင်ကော်    ဧပြီ  ၆
    
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်၊ အစည်းအဝေးခန်းမ၌ (၆.၄.၂၀၁၇) ရက်နေ့၊ နံနက်(၀၈:၄၅) နာရီတွင် ဒေါက်တာအောင်ကျော်ဌေး၊ ဝန်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေး ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့မှ လာရောက်တွေ့ဆုံရာ ဆရာ၊ဆရာမများနှင့် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်မှုအပေါ် စေတနာထား၍လုပ်ကိုင်ဆောင်ရွက်စေခြင်း၊ သင်ကြားရေးကိစ္စရပ် များအဆင်ပြေမှုရှိစေရေး၊ လွိုင်ကော်မြို့သည် စိမ်းလန်းစိုပြေရေးဥယျာဉ်မြို့တော် အဖြစ် သတ်မှတ်ထားခြင်းကြောင့် တက္ကသိုလ်ဝန်းအတွင်း သစ်ပင်များ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာ လှပရေးနှင့် စနစ်တကျ စီမံစိုက်ပျိုးထားရှိရေး၊ သစ်ပင်များ ပျက်စီးဆုံးရှုံးမှုမရှိရန်နှင့် ရှင်သန် ကြီးထွားစေရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မှီစွာ တည်ဆောက်ရေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ဘီးခွန်များကို ကုန်းလမ်းပို့ဆောင်ရေးဌာနသို့ ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေမှု ရှိ၊မရှိ နှင့် သင်ကြားရေးကိစ္စရပ်များ အခက်အခဲရှိပါက တင်ပြဆွေးနွေးပေးစေလိုကြောင်း အမှာစကားပြောကြားသွားပြီး လွိုင်ကော်တက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမြင့်သိန်း၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။