ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ဆောင်ရွက်

31-3-2017 1

31-3-2017 2

31-3-2017 3

31-3-2017 4

31-3-2017 5

လွိုင်ကော်           မတ်လ ၃၁


    ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့၊  နံနက် (၁၀:ဝ၀) နာရီအချိန်က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး၊တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦး စုစုပေါင်း (၁၃)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေစုစုပေါင်း (၆၅%)တက်ရောက်ကြသည်။
    ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(ဒုတိယနေ့)တွင် အစည်းအဝေးမတက် ရောက်နိုင်၍ ခွင့်ပန်ကြားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် (၁)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၂)ဦးနှင့် လစ်လပ် (၁)ဦးဖြစ်ပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုမှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။
    ဆက်လက်၍ ကြယ်ပွင့်ပြမေးခွန်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ မေးမြန်းခြင်း ၊ အဆို တင်သွင်းခြင်းများကို ဆောင်ရွက်ကြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း နှင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ဆောင်ရွက်ကြသည်။        
    ထို့နောက် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ၂၀၁၇ခုနှစ်၊ ကယားပြည်နယ်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)တို့နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များမှ အကြံပြုဆွေးနွေးရန် အမည်စာရင်းတင်သွင်းထားခြင်းမရှိသဖြင့် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။
    ဆက်လက်ပြီး ပြည်နယ်ဥပဒေချုပ်၏ အစီရင်ခံစာ၊ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီ၏ အစီရင်ခံစာ၊ တိုင်စာ ပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့၏ အစီရင်ခံစာ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာများ အား ပြည်နယ်ဥပဒေချုပ် နှင့် ကော်မတီဥက္ကဋ္ဌများမှ လွှတ်တော်တွင်တင်ပြခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများဆောင်ရွက်ခဲ့ရာ လွှတ်တော်များက  သဘောတူသည့်အတွက် လွှတ်တော်တွင် မှတ်တမ်းတင်ခြင်းကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ကြောင်းသိရှိရသည်။
                                                                                                               

                ပြည်နယ်ပြန်/ဆက်