ကယားပြည်နယ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

15-3-2017 1

15-3-2017 2

15-3-2017 3

လွိုင်ကော် မတ် ၁၅

ကယားပြည်နယ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို လွိုင်ကော်မြို့ စားသုံးသူရေးရာဦးစီးဌာနရုံး ခန်းမ၌ မတ်လ ၁၅ ရက်နေ့ ၊ နံနက် ၉းဝ၀ နာရီအချိန်က ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ ဝန်ကြီးဦးမော်မော် က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်းလျန်စွမ်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံကိုရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမျိုးခန့်က စားသုံးသူရေးရာအကြောင်းစိုပျိုးရေးရှု့ထောင့်မှ ဟောပြောဆွေးနွေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ ကယားပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်တို့ တက်ရောက်ကြကြောင်း သိရှိရသည်။